Transparency Myanmar

transparency.myanmar@gmail.com

DVB, 5-Mar-2010   

မြန်မာနိုင်ငံရှိ အဓိက အရက်ချက် စက်ရုံတွင် အလုပ်သမား ၁၅၀၀ ခန့် ဆန္ဒပြမှုမှာ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။ သို့သော် ရန်ကုန်မြို့ရှိ အလုပ်သမားများကြားတွင် မငြိမ်သက်မှုများ ကြီးထွားလာမည့် အရိပ် အယောင်များ တွေ့နေရဆဲ ဖြစ်ပါသည်။

ရွှေပြည်သာ စက်မှုဇုံတွင်ရှိသော Grand Royal ဝီစကီ စက်ရုံတွင် ဗုဒ္ဓဟူးနေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား၌ သဘောတူညီမှု ရရှိခဲ့ပါသည်။

IBTC မှ ပိုင်သော စက်ရုံတွင် အလုပ်သမား ၁၅၀၀ ခန့်သည် မတ်လ ၃ ရက်နေ့က စ၍ လစာ ကျပ် နှစ်သောင်း (ဒေါ်လာ ၂၀) တိုးပေးရန် ထိုင်၍ ဆန္ဒပြခဲ့ကြပါသည်။

ဆန္ဒပြသူများက အခြား အခြေခံ ရပိုင်ခွင့်များပေးရန် တောင်းဆိုခဲ့ပါသည်။ အစိုးရ ရုံးပိတ်ရက်တွင် နားရက်ပေးရန်၊ အလုပ်သမားများ၏ လုပ်ကိုင်မှုအားကြည့်၍ အမြဲတမ်း ဝန်ထမ်း ဖြစ်ရေး အကဲဖြတ်ပေးရန် စသည်တို့ပါဝင်သည်။

ပြီးခဲ့သည့်လက ရန်ကုန်ရှိ စက်ရုံ အချို့တွင် အလားတူ သပိတ်မှောက်မှုများ ရှိခဲ့ပါသည်။ အစိုးရ၏ ဆန္ဒပြမှုများကို ရက်ရက်စက်စက် နှိပ်ကွပ်မှုများ၊ မီဒီယာများတွင် ဆန္ဒပြမှု သတင်းများ ပိတ်ပင်ထားသည့်ကြားမှ ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး၊ အလုပ်ရှင်များကလည်း အချို့ အချက်များကို ခွင့်ပြုခဲ့ပါသည်။

Grand Royal Whisky ဆန္ဒပြမှုမှာ ပြီးဆုံးသွားခဲ့သော်လည်း တောင်းဆိုသော အခွင့်အရေးများ အနက် အနည်းငယ်သာ ရရှိခဲ့ပါသည်။

အလုပ်သမားများက နေ့စားခတွင် တစ်ရက် ၁၈၀၀ ကျပ် (ဒေါ်လာ 1.8) တိုးပေးရန်နှင့် လစာတွင် ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြသူ အလုပ်သမား တစ်ဦး၏ အဖေက ပြောပြခဲ့ပါသည်။

စက်ရုံ ပိုင်ရှင်များက လစာ ၂၀၀၀၀ ကျပ် တိုးပေးရန် ငြင်းဆန်ခဲ့ပြီး အလုပ်ပျက်ရက် မရှိသော အလုပ်သမားကို ဘောနပ်ပေးရာတွင် ကျပ် ၆၀၀၀ (၆ ဒေါ်လာ) မှ ကျပ် ၁၀၀၀၀ (10 ဒေါ်လာ) တိုးပေးရန် အဆိုပြုခဲ့ပါသည်ဟု ၎င်းက ပြောပါသည်။

အဆိုပါ အလုပ်သမား၏ အဖေ ပြောပြချက် အရ စက်ရုံတွင် လုပ်သက် တစ်နှစ်အောက် အလုပ်သမား တစ်ဦးသည် တစ်ရက်လျှင် 1100 ကျပ် (1.1 ဒေါ်လာ) သာရပြီး၊ လုပ်သက်ရင့် အလုပ်သမား တစ်ဦးသည် တစ်ရက် 1300 ကျပ် (1.3 ဒေါ်လာ) သာရကြောင်း သိရပါသည်။

တစ်ရက်ပျက်လျှင်ပင် ဘောနပ်ပေးသည့် စာရင်းတွင် မထည့်ကြောင်း ၎င်းက ပြောပါသည်။

အလုပ်သမားများ၏ တောင်းဆိုချက် တစ်ခု ဖြစ်သော လုပ်သက် နှစ်နှစ် ကျော်သော အလုက်သမားများကို အမြဲတမ်း အလုပ်သမား ဖြစ်ရေး စဉ်းစားပေးရန် ကိစ္စအား၊ လုပ်သက် သုံးနှစ်ပြည့်မှ စဉ်းစားမည်ဟု ပိုင်ရှင်က အကြောင်းပြန်သည်ဟု ၎င်းက ပြန်ပြောပါသည်။

စက်ရုံ အလုပ်သမား တစ်ဦးမှာ နေမကောင်းသည့် ကြားမှ အလုပ်ဆင်းနေသောကြောင့် မကြာသေးခင်က သေဆုံးသွားရကြောင်း သူကပင် ရှင်းပြပါသည်။

IBTC စက်ရုံ၏ အခြေအနေမှာ အတော်ဆိုးရွားကြောင်း ပြောပြကြပါသည်။ ပုလင်း သန့်ရှင်းရေး လုပ်သော အလုပ်သမများကို လက်အိတ် ပင်မပေးကြောင်း အလုပ်သမားများနှင့် နီးစပ်သူများ၏ သတင်းပေးပို့မှု အရ သိရှိရပါသည်။

အဆိုပါ ပုလင်းများမှာ အမှိုက်ပုံများ၊ စသည့် မသန့်ရှင်းသော နေရာများမှ လာကြောင်း၊ ပုလင်းများကို အက်ဆစ်များ၊ ကော့စတစ်များ၊ ဆပ်ပြာများနှင့် ဆေးကြောင်း၊ အလုပ်သမားများမှာ လက်အိတ် မစွပ်ထားသော လက်များဖြင့် အန္တရာယ်ရှိသော ဆေးရည်များထိတွေ့နေရ၍ အရေပြား ရောဂါများ ရနိုင်ကြောင်း သူကရှင်းပြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment