Transparency Myanmar

transparency.myanmar@gmail.com

Thai Asean News Network,5-Mar-2010

မြန်မာကမ်းခြေစောင့် တပ်များက ငါးဖမ်းစက်လှေများထံမှ ဒီဇယ်ဆီများ၊ ပိုက်ဆံများ လုယက်သည့် ကိစ္စ အကြိမ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် ရနောင်း ငါးဖမ်းစက်လှေများ အသင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ပါသည်။

မြန်မာကမ်းခြေစောင့်တပ်များက ယူနီဖောင်းဝတ်၍ တစ်မျိုး၊ အရပ်ဝတ်ဖြင့် တစ်သွယ် ကျူးလွန်နေသည့် ပင်လယ်ပြင် လုယက်မှုများကို အရေးယူ ဆောင်ရွက်ပေးရန် ရနောင်း ငါးလုပ်ငန်း အသင်း ဥက္ကဋ္ဌ တာဝီးဘွန်းရင်း ဦးဆောင်သည့် ငါးဖမ်းစက်လှေများ အဖွဲ့က အစိုးရကို တောင်းဆိုထားပါသည်။

တာဝီး၏ အဆိုအရ ထိုင်း ငါးဖမ်း ကုမ္ပဏီ ၃ ခုမှာ မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ရရန် သက်တမ်းတိုး အာမခံရခဲ့သည် ဟု သိရပါသည်။

သို့သော်လည်း ထိုင်းတံငါသည် အများစုမှာ မြန်မာကင်းလှည့် ရေယာဉ်များ၏ ဒီဇယ်ဆီနှင့်ပိုက်ဆံ အနိုင်ကျင့် လုယူမှုကို ခံခဲ့ရသည်ဟု ၎င်းကပြောကြားသည်။

လစဉ် ဒီဇယ် ပေပါ ၅၀ ခန့်နှင့် ဘတ်ငွေ ၂ သိန်း ခန့် အနိုင်ကျင့် လုယက်ခံရသည်ဟု ခန့်မှန်းထားကြပါသည်။

လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သော အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် ဒေသခံ ငါးဖမ်း စက်လှေများ အဖွဲ့နှင့် ငါးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အစည်းအဝေး ကျင်းပမည်ဟု တာဝီးကပြောဆိုပါသည်။

မိမိတို့ အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံမှ အကူအညီ တောင်းခံသွားမည်ဟု တာဝီးက ဆက်လက်ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment