Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 5th April 2010

Prachuap Khiri Khan နှင့် Kanchanaburi တို့သည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး အဆက်အသွယ်များ တိုးမြှင့်ရန် မျှော်လင့်လျက် ရှိကြောင်း ထိုင်းအစိုးရက ပြောသည်။

Prachuap Khiri Khan ရှိ Singkhorn ကုန်သွယ်ရေး စစ်ဆေးရေး စခန်းသည် မြန်မာနိုင်ငံရှိ မြိတ်မြို့နှင့် ဆက်လျက် ရှိသဖြင့် အမြဲတမ်း ဖြတ်သန်းသွားနိုင်သော စစ်ဆေးရေး စခန်း အဖြစ် အဆင့်မြှင့်ရန် နှစ်နိုင်ငံ သဘော တူညီထားပြီး ဖြစ်သည်။

Kanchanaburi သည် မြန်မာနိုင်ငံရှိ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ဆက်သွယ်သော လမ်းဖောက်လုပ်လျက် ရှိသည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး Alongkorn Ponlaboot သည် မြန်မာ အစိုးရဘက်မှ ဦးအောင်ထွန်း နှင့်အတူ Singkhorn ကုန်သွယ်ရေး စစ်ဆေးရေး စခန်းသို့ ယမန်နေ့က လာရောက် စစ်ဆေးခဲ့သည်။

ဝန်ကြီးများ၏ ခရီးစဉ်သည် ဟွာဟင်းတွင် ယနေ့ ပြီးဆုံးသွားသော လေးရက်ကြာ ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေး၏ အစိတ်အပိုင်း တစ်ခု အဖြစ် Prachuap Khiri Khan သို့ လာရောက်ခြင်း ဖြစ်သည်။

Prachuap Khiri Khan ကုန်သည်ကြီးများ အသင်း ဒုဥက္ကဋ္ဌ Chote Chotiyakorn က ပြောကြားရာတွင် Singkhorn နယ်စပ် အမြဲတမ်း ဖြတ်ကျော်ရေး စခန်း ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြင့်လာစေလိမ့်မည် ဖြစ်သည်။

Mr. Chote က ပြောကြားရာတွင် Singkhorn မြိတ် လမ်းကြောင်းသည် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်နှင့် ငါးများကို ပို့ဆောင်ရာတွင် ယခု အသုံးပြုနေသော ရနောင်း ဖြတ်ကျော်လမ်းထက် စရိတ် သက်သာမည် ဖြစ်သည်။

သို့သော် ယခု လမ်းကြောင်း ဖွင့်လိုက်ပါက ရနောင်းတွင် ကုန်သွယ်ရေး လုပ်ငန်းများ ကျဆင်းသွားမည်ကို အချို့က စိုးရိမ်လျက် ရှိနေကြသည်။

ရင်းနှီးမြှုပ်နှံသူများကို ရနောင်းမှ ၎င်းတို့၏ အရင်းအနှီးများကို Prachuap Khiri Khan သို့ ရွှေ့ပြောင်းရန် ပြောကြားထားကြောင်း၊ နေရာသစ်တွင် အခွင့်အလမ်း ပိုကောင်းသည်ဟု ပြောထားကြောင်း Mr. Chote က ပြောကြားသည်။

စနေနေ့က Alongkorn နှင့် ဦးအောင်ထွန်းတို့သည် Kanchanaburi သို့ သွားရောက်၍ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေး စီမံကိန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Mr. Alongkorn က ပြောကြားရာတွင် ၁၃၀ ကီလိုမီတာ ရှည်သော ကချာနာဘူရီ - ထားဝယ် လမ်းသည် မဲခေါင် ဒေသခွဲ အတွက် ကုန်သွယ်ရေး တိုးချဲ့လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ အဆိုပါ လမ်းစီမံကိန်းသည် ဘတ်သန်း ၃၅၀ ကုန်ကျမည် ဖြစ်ပြီး ၂၀၁၃ တွင် ပြီးစီးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment