Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 3rd April 2010

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ် နှင့် ဘင်္ဂလား ပင်လယ်အော် မြန်မာ ဆိပ်ကမ်း စစ်တွေမြို့ကို ဆက်သွယ်ရန် ဖောက်လုပ်နေသော လမ်း၏ တန်ဖိုးသည် ၄၀ % မြင့်တက်သွားကာ အမေရိကန် ဒေါ်လာ ၁၃၄ သန်း ကုန်ကျမည်ဟု သိရသည်။

အထက်ပါ ခန့်မှန်းချက်သည် အိန္ဒိယ နှင့် မြန်မာ အစိုးရများ အကြား သဘော တူညီမှုကို အကောင်အထည် ဖော်ရာတွင် ၄ နှစ် နောက်ကျခဲ့ခြင်းကို အခြေပြု တွက်ချက်ခြင်း ဖြစ်သည်ဟု အိန္ဒိယ Telegraph သတင်းစာက ဖော်ပြသည်။

ကုလားတန်မြစ် ရေကြောင်းလမ်းကို သင်္ဘောများ အလွယ်တကူ သွားနိုင်အောင် တိုးချဲ့ခြင်း အပါအဝင် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ အဆင့်မြှင့်တင်ရေး အတွက် ရန်ပုံငွေ ထောက်ပံ့ရန် အိန္ဒိယ ဗဟိုအစိုးရက သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်း ပြည်နယ်များ အတွက် ပင်လယ်ထွက်ပေါက် ရရှိလိုခြင်း ဖြစ်သည်။

 ဘင်္ဂလား ပင်လယ်အော် အနောက်ဖက်ရှိ ပိုမို ကြီးမားသော ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုနိုင်ရန်မှာ ကာလရှည်ကြာ ဖြစ်ပွားနေသော နိုင်ငံရေး ပြဿနာများကြောင့် တားဆီးထားသလို ဖြစ်နေသည်။

နောက်ဆုံးတွင် အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး ကာမယ်လ်နုသ်သည် ဧပြီလ တတိယပတ်တွင် စီမံကိန်း စတင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ လမ်းသစ် ကီလိုမီတာ ၁၀၀ အတွက် အောက်ခံကျောက်များ ချရန် မီဇိုရမ် ပြည်နယ် လောင်တလိုင်မြို့သို့ သွားရောက်မည် ဖြစ်သည်။

ကုလားတန် မြစ်ဘေးတလျှောက် အဆင့်မြှင့်တင်မည့် ရှိပြီးသား လမ်းဟောင်းနှင့် ယခု လမ်းသစ်ကို ချိတ်ဆက်မည် ဖြစ်သည်။

ကားလမ်း နှင့် ရေကြောင်းလမ်း တိုးချဲ့ ပြုပြင်ရေးနှင့် စစ်တွေ ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး အတွက် အိန္ဒိယ အစိုးရက မှန်းဆထားသော မူလ ခန့်မှန်း တန်ဖိုးမှာ ဒေါ်လာ သန်း ၁၂၀ ဖြစ်သည်။

ယခုကဲ့သို့ တန်ဖိုး မြင့်လာခြင်း အတွက် မည်သည့် အကြောင်းပြချက်မှ ပေးခြင်း မရှိပါ။

စစ်တွေသို့ ဆက်သွယ်မည့် လမ်းကြောင်းသည် အိန္ဒိယ၏ အရှေ့မျှော် ကုန်သွယ်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment