Transparency Myanmar

transparency.myanmar@gmail.com

          စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံသို့ လတ်တလောလာရောက်ခဲ့သော အမေရိကန် ထိပ်တန်းသံတမန်၏ ခရီးစဉ်သည် အကျိုးရလဒ်ကောင်းများ ထွက်ပေါ်စေ မည်ဟု အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေကြောင်း သူမ၏ ရှေ့နေက သောကြာနေ့က ပြောကြားခဲ့သည်။

          "Mr Kurt Campbell ရဲ့ ခရီးစဉ်ဟာ အရမ်းကို အကျိုးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်" ဟုဦးဥာဏ်ဝင်းက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၏ အိမ်သို့ သွားရောက် တွေ့ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ "သဘောတူညီချက်တွေလည်း အများကြီး ရခဲ့တယ်လို့ ပြောပါတယ်"ဟု ၎င်းက ဖြည့်စွက် သည်။

          အသက် ၆၄ နှစ်အရွယ်ရှိ ဒီမိုကရေစီခေါင်းဆောင်မှာ ကျန်းမာရေး ကောင်းမွန်နေပြီး တနင်္လာနေ့က အစိုးရဧည့်ဂေဟာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တစ်နာရီခွဲကျော် တွေ့ဆုံခွင့်ရရှိခဲ့ သည်ဟု ဦးဥာဏ်ဝင်းကပြောကြားသည်။

          တရားဝင်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်နှင့် Campbell တို့နှစ်ဦးသည် အပြင်ဖက် နေရောင်အောက်တွင် ထီးများဆောင်းကာ မိနစ် ၂၀ ခန့် သီးသန့်ဆွေးနွေး ခဲ့ကြသည်ဟု သိရပါသည်။

          နေပြည်တော်တွင် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်လည်းကောင်း ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီးနောက် Campbell က "ရွေးကောက်ပွဲအတွက် အစိုးရ၏ ပြင်ဆင်ပုံများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်းနှင့် မှန်ကန်ဆီလျော်မှု ရှိမည်မဟုတ်ဟု အများက စိုးရိမ်နေမှုအပေါ် ဖြေရှင်းရန် အမြန်ဆုံး ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။

          မတ်လက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူ မည်သူကိုမဆို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ပါတီ ဖျက်သိမ်းခံရ မည်ဟုဆိုသည်။ လက်ရှိ ဖျက်သိမ်းထားသော NLD အတွင်းမှ အချို့ပါတီဝင်များက အမျိုးသားဒီမိုကရေစီ အင်အားစု NDF အမည်နှင့် ပါတီသစ်ဖွဲ့စည်းကာ ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment