Transparency Myanmar

transparency.myanmar@gmail.com

Reuters  News,15th May 2010

မြန်မာနိုင်ငံ နယ်စပ် အနီးရှိ မငြိမ်သက်သော မဏိပူ ပြည်နယ်တွင် အိန္ဒိယ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သူပုန် ၆ ဦး မနေ့က သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

နယ်စပ်အနီး တောင်ပေါ်တွင် ခြေလျင် ကင်းလှည့် နေသော စစ်သားများကို သူပုန်များက စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲ အရာရှိကြီးက ဆိုပါသည်။

အိန္ဒိယ အရှေ့မြောက်ဒေသ၏ နိုင်ငံတကာ ကုန်သွယ်ရေး ဝင်ပေါက်ဟု လူသိများသော အဆိုပါ နယ်စပ်တွင် သူပုန်များ၏ အခြေစိုက် စခန်းများ ရှိနေသည်ဟု အစိုးရက ပြောကြားသည်။

သူပုန်များသည် နယ်စပ်ကို ကျော်၍ မြန်မာနိုင်ငံထဲတွင်လည်း စခန်းများ ဆောက်လုပ် ထားသည်ဟု မဏိပူ ရဲမင်းကြီး ဝိုင်ဂျွိုင်းကူမား ကပြောကြားခဲ့သည်။

လူဦးရေ ၂ သန်းကျော်မျှ ရှိသော ပြည်နယ်ထဲတွင် လက်နက်ကိုင် အဖွဲ့ ၂၀ ကျော် လှုပ်ရှားနေပြီး အချို့ကလုံးဝလွတ်မြောက်ရေးနှင့် အချို့က နိုင်ငံရေးအရ ပိုမို အုပ်ချုပ်ခွင့်ရရေးကို တောင်းဆိုနေကြပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment