Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 15th May 2010

မြောက်ကိုရီးယားသည် အစ္စရေးနိုင်ငံ၏ စွပ်စွဲချက် ဖြစ်သော ပြုံယမ်းသည် လူအမြောက်အမြား သေစေနိုင်သော လက်နက်များ (WMD) ပြန့်ပွားအောင် ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည့် အပြင်၊ အစ္စရေး၏ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှု အပေါ် သည်းခံလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့က ပြောကြားရာတွင် မိမိတို့သည် WMD များ ပြန့်ပွားအောင် ပြုလုပ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ သိက္ခာနှင့် နေထိုင်သော မြောက်ကိုရီးယား အပေါ် မဟုတ်မှန် စွပ်စွဲဝံ့သော အစ္စရေးအား ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြောက်ကိုရီးယား တရားဝင် သတင်းဌာန၊ ကိုရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) က ပြောကြားလိုက်ခြင်းမှာ ပြီးခဲ့သည့် အပတ်က အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Avigdor Lieberman ၏ မှတ်ချက်အပေါ်တွင် ပထမဆုံး တရားဝင် တုန့်ပြန်မှုပင် ဖြစ်သည်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Lieberman က ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံတွင် ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယား၊ အီရန်နှင့် ဆီးရီးယားတို့ ပူးပေါင်းကြခြင်းသည် ကမ္ဘာ့အကြီးဆုံး လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပြီး၊ ၎င်းတို့သည် လူအမြောက်အမြား သေစေနိုင်သော လက်နက်များ တည်ဆောက်ပြီး ပြန့်ပွားအောင် ပြုလုပ်လျက် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment