Transparency Myanmar

transparency.myanmar@gmail.com

      တောင်ကိုရီးယား သင်္ဘောအား နစ်မြုပ်အောင် တိုက်ခိုက်ခဲ့သော မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံတကာ တုံ့ပြန်မှုများကို အကျိုးဆက်အနေဖြင့် မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြောဆိုလိုက်သည်။

      ယခုအခါ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် လိုအပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုင်ပင် ဆွေးနွေးလျက် ရှိကြောင်း ဟီလာရီ ကလင်တန်က ပြောကြားသည်။

      အစီရင်ခံစာ တစ်ရပ်အရ မြောက်ကိုရီးယား ရေငုပ်သင်္ဘောသည် အဆိုပါ တောင်ကိုရီးယား ရေတပ်သင်္ဘောကို တော်ပီတို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်မှာ ထင်ရှားကြောင်း ၎င်းက ပြောဆိုသည်။ မြောက်ကိုရီးယားက အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မိမိတွင် တာဝန်မရှိကြောင်း တုံ့ပြန်ပြောဆိုပြီး မိမိအား အပြစ်ပေးရန် ကြိုးပမ်းမှုများ ရှိလာပါက အလုံးစုံသော စစ်ရေးဖြင့် ပြန်လည် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက် ပြောဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment