Transparency Myanmar

transparency.myanmar@gmail.com

DVB News, 20 May 2010

          မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်ဦးဆောင်ကာ အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးပါတီသည် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မြန်မာနိုင်ငံတဝှမ်း မဲဆွယ်စည်းရုံးမှုများကို စတင်နေပြီ ဖြစ်သည်။

          မြန်မာတောင်ပိုင်း တနင်္လာရီတိုင်းကော့သောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားရာ တွင် ဒေသခံပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များသည် အိမ်တိုင်ရာရောက်လိုက်လံ၍ ၎င်း တို့ပါတီသို့ ဝင်ကြရန် တိုက်တွန်းစည်းရုံးနေသည်ဟု ဆိုပါသည်။

          မိန်းမ ၆ ယောက်နဲ့ယောက်ျားတစ်ယောက်က အိမ်တိုင်ရာရောက်သွားပြီး မှတ်ပုံတင်တွေ တောင်းကြည့်တယ်။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်ခွင့်လျှောက်လွှာပုံစံတွေဖြည့်ပေးနေတယ် ဟု အဆိုပါဒေသခံက ပြောကြားပါသည်။ လျှောက်လွှာပုံစံ ပထမစာပိုဒ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီကို လက်ခံယုံကြည်ပါသဖြင့် ပါတီဝင်အဖြစ်လျှောက်ထားပါသည် စသဖြင့် ပါရှိသည်ဟု ဆိုပါ သည်။

          လျှောက်လွှာပုံစံတွေဖြည့်ပြီးရင် ဒေသခံတွေကို လက်မှတ်ထိုးခိုင်းတယ်။ ဘာမှလည်း ရှင်းမပြ ဘူး၊ တချို့လူတွေက ကြောက်တာရယ်၊ နားမလည်တာရယ်ကြောင့် လက်မှတ်ထိုးပေးလိုက်ကြတယ်။ ၎င်းကပြောကြားသည်။

          ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေဆန္ဒခံယူပွဲ၌ အစိုးရကစည်းရုံးခဲ့ပုံများသည် ဤအတိုင်းပင် ဖစ်ြသည်ဟု ၎င်းကပြောကြားသည်။ ဒေသအာဏာပိုင်များက ယမန်နေ့မှ ယနေ့အထိ အစည်းအဝေး ခေါ်ကာ မဲရုံဆောက်လုပ်ရေးကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

          ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့အား ထောက်ခံရန် လယ်သမားများကို စည်းရုံးဆွဲဆောင်နေသည်ဟု ရန်ကုန်တိုင်းသုံးခွမြို့နယ်မှ ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်းတို့ပါတီ၏ လူမှုရေးအသင်းအဖွဲ့ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကသာလျှင် လယ်သမားများအား ချေးငွေထောက်ပံ့နိုင်သော အဖွဲ့ဖြစ်သည်ဟု ပြောဆိုစည်းရုံးနေကြောင်း သိရှိရသည်။ ပြည်သူတွေ အတွက် ရှင်သန်နေတဲ့ပါတီကို တတ်နိုင်သလောက် မဲများများထည့်ကြပါ ဟုလည်း ပြောဆိုနေကြောင်း ဒေသခံကပြောကြားသည်။

          ဝန်ကြီးချုပ်ဦးသိန်းစိန်ပါတီကို ဦးဆောင်ခြင်းသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်းဖြစ် သည်ဟု စွပ်စွဲချက်များကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသိန်းစိုးက မကြာသေးမှီက ငြင်းဆို လိုက်ပြီး ဦးသိန်းစိန်သည် စစ်ဖက်ရာထူးမှနှုတ်ထွက်ပြီးဖြစ်သည်ဟု အကြောင်းပြပြောဆိုပါသည်။

          အရပ်ဖက်အစိုးရအသွင်ယူ၍ စစ်ဖက်ကဆက်လက်အုပ်ချုပ်မည့် လှည့်ကွက်တစ်ခုဟု ဝေဖန်ဆန်းစစ်သူများက သုံးသပ်ထားသည့် အငြင်းပွားဖွယ်ရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရလိမ့်မည်ဟု အများစုခန့်မှန်းထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment