Transparency Myanmar

transparency.myanmar@gmail.com

BBC News, 20 May 2010

          မြောက်ကိုရီးယားအနေဖြင့် ပြီးခဲ့သည့်မတ်လက တောင်ကိုရီးယားစစ်သင်္ဘောနစ်မြှုပ်မှု အတွက်  အကျိုးဆက်များ သေချာပေါက်ခံစားရမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါသည်။

          သင်္ဘောသား (၄၆ )ဦးသေဆုံးသော အဆိုပါသင်္ဘောနစ်မြှုပ်မှုအတွက် စုံစမ်းစစ်ဆေးသူများက မြောက်ကိုရီးယားအား အပြစ်တင်ခဲ့ပြီးနောက် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုကိုခံနေရပါသည်။

          ပြုံယမ်းက အဆိုပါစွပ်စွဲမှုမှာ ဆင်လုံးသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းအပေါ်အရေးယူမှုများ ချမှတ်ခဲ့ပါက စစ်ဖြစ်ပွားလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

          တရုတ်မှာမူ နှာစေးနေခဲ့ပြီး၊ မြောက်ကိုရီးယားအပေါ်ဝေဖန်မှုမပြုခဲ့ပေ။ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် ဆွီဒင်တို့မှ ပညာရှင်များပါဝင်သော အဖွဲ့၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် တောင်ကိုးရီးယား၏ Cheonan စစ်သင်္ဘောမှာ တော်ပီနိုကြောင့်နစ်မြှုပ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ ပါသည်။

          စုံစမ်းစစ်ဆေးသူများက ပြောကြားရာတွင် ပင်လယ်ကြမ်းပြင်ပေါ်တွင်တွေ့ရသော တော်ပီ နိုအပိုင်းအစများတွင်မြောက်ကိုရီးယားစာနှင့် တူသော စာလုံးများတွေ့ရသည်ဟု ပြောကြားခဲ့ကြပါ သည်။

          "မြောက်ကိုရီးယားဟာ တမင်ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီအကျိုး ဆက်တွေအသေအချာရှိလာလိမ့်မယ်"ဟု အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် PJ Crowley က ပြောကြားခဲ့ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယား၌ တပ်အင်းအား(၂၈၀၀၀)ခန့်တပ်စွဲထားပါသည်။

          ကာကွယ်ရေးဝန်ကြီး Robert Gater က မည်သို့အရေးယူဆောင်ရွက်ရမည်ကို တောင်ကိုရီး ယားနှင့်အနီးကပ်ဆွေးနွေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

          တောင်ကိုရီးယားသမ္မတ Lee Myung-bak သည် ပြင်းထန်သော အရေးယူမှုများပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

          ဗြိတိန်၊ သြစတြေးလျနှင့် ဂျပန်တို့ကလည်း မြောက်ကိုရီးယားကို စိတ်ဆိုးကြောင်းဖော်ပြခဲ့ကြပါ သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီးမွန်းက အစီရင်ခံစာကြောင့် အတော်ဒုက္ခ များရကြောင်းဆိုပါသည်။

          ပြုံးယမ်းကပြောကြားရာတွင် ၎င်းအနေဖြင့် အထောက်အထားပစ္စည်းများကို စစ်ဆေးရန် စစ်ဆေးရေးအဖွဲ့တစ်ခုစေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြရာတွင် ပြုံးယမ်း၏ ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းတို့အနေဖြင့် တရားမျှတမှုအတွက် စစ်ပွဲကို မည်သည့်အဆိုးများဖြစ်ပေါ်စေ ဦးတော့ တုန့်ပြန်သွားမည်ဟုပြောခဲ့သည်ဟုဆိုပါသည်။

          တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားရာတွင် Beijing အနေဖြင့် အစီရင်ခံစာကို မှတ်သားထားကြောင်း၊ မိမိတို့ကိုယ်ပိုင်အကဲဖြတ်ပြုလုပ်ဦးမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအား အေးအေးဆေးဆေးလုပ်ကိုင်ကြရန်တိုက်တွန်းခဲ့ပါသည်။

          တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Chun Young Woo  ကပြောကြားရာတွင် ဆိုးလ်အနေဖြင့် ယခုကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့တင်ပြန်ရန်စဉ်းစားလျက်ရှိသည်ဟု ဆိုပါသည်။

          "ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို လိုအပ်တဲ့ တုံ့ပြန်မှုပြုလုပ်ဖို့ စဉ်းစားပေးလိမ့်မယ်ထင်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ရှောင်ပြေးလို့တော့မရပါဘူး" ဟု ၎င်းက ပြောပါသည်။

          တောင်ကိုရီးယားစစ်သင်္ဘော Cheonan သည် နှစ်နိုင်ငံတင်းမာစွာ အငြင်းပွားနေသော ရေ ကြောင်း နယ်စပ်အနီးတွင် နစ်မြှုပ်ခဲ့ခြင်းဖြစ်ပါသည်။

          အစောပိုင်းက နစ်မြှုပ်မှုနှင့်ပတ်သက်၍ ကိုရီးယားစစ်ပွဲအတွင်း ကျန်ခဲ့သော ရေမြှုပ်ဗုံးများ မတော်တဆပေါက်ကွဲမှုကြောင့် နစ်မြှုပ်သလောဟု ထင်မြင်ချက်များရှိခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment