Transparency Myanmar

transparency.myanmar@gmail.com

BBC News , 21 May 2010

          အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် အာရှတိုက်သို့တစ်ပတ်ကြာခရီးစဉ် အတွက်ပထမဦးစွာ ဂျပန်နိုင်ငံသို့ရောက်ရှိလာပါသည်။

          သူမ၏ ခရီးစဉ်တွင် တောင်ကိုရီးယားစစ်သင်္ဘောနစ်မြှုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် စုံစမ်းစစ်ဆေးသူများက အပြစ်တင်မှုကိစ္စမှာ အရေးတကြီး ဆွေးနွေးစရာ ဖြစ်လိမ့်မည် ထင်ပါသည်။

          သူမသည် ဂျပန်ဝန်ကြီးချုပ်နှင့် ဂျပန်အမေရိကန် ဆက်ဆံရေး ဆွေးနွေးမည်ဖြစ်ပြီး၊ အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်း၏ အနာဂတ်ကိုလည်း ဆွေးနွေးမည်ဖြစ်ပါသည်။

          ကလင်တန်၏ ခရီးစဉ်တွင် တောင်ကိုရီးယားနှင့်တရုတ်သို့လည်း သွားရောက်မည်ဖြစ်ပါသည်။

          သင်္ဘောနစ်မြှုပ်မှုအတွက် နိုင်ငံတကာစုံစမ်းရေးအဖွဲ့အစီရင်ခံစာတွင် မြောက်ကိုရီးယားအား အပြစ်တင်ထားရာ ဒေသတွင်းတင်းမာမှုကို ဖြစ်စေပါသည်။

          မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိကမဟာမိတ်တရုတ်နိုင်ငံ က အေးအေးဆေးဆေး ဖြေရှင်းကြရန် တိုက်တွန်းခဲ့ပြီး မြောက်ကိုရီးယားအပေါ် ဝေဖန်ခြင်းမရှိခဲ့ပေ။

          သင်္ဘောနစ်မြှုပ်မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဝန်ကြီးချုပ် Yukio Hatoyama  က ခွင့်မလွှတ်နိုင် သည့် မယုံကြည်နိုင်သည့် လုပ်ဆောင်မှုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဂျပန်က ကောင်းကောင်းသဘောပေါက်မည်ဖြစ်ကြောင်း တိုကျိုရှိ BBC မှ Roland Bueak က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်က ပြုံးယမ်း၏ ဒုံးကျည်စမ်း သပ်မှုတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း မကျရောက်မီဂျပန်နိုင်ငံအပေါ်မှ ဖြတ်သွားခဲ့ပါသည်။

          အကယ်၍တောင်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီးယားအပေါ် အရေးယူမှုအသစ်များချမှတ်ရန် ကြိုးစားမည်ဆိုပါက၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်သော ဂျပန်က ရှေ့ဆုံးမှ ကြိုးစားပေးမည်ဖြစ်ကြောင်း Hatoyama က ပြောခဲ့သည်ဟု ၊ BBC သတင်းထောက်က ဖြည့်စွက်ပြောခဲ့ပါသည်။

          ကလင်တန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Katsuya Okada နှင့် ဝန်ကြီးချုပ် Hatoyama တို့ နှင့်အတူ အိုကီနာဝါကျွန်းတောင်ဖက်ရှိ ရွေ့ပြောင်းရန် အငြင်းပွားနေသော အမေရိကန်မရိန်းတပ် Futenma ဌာနချုပ်နှင့်ပတ်သက်၍ အဖြေရလိမ့်မည်ဟု မျှော်လင့်နေပါသည်။

          ပြီးခဲ့သော ဂျပန်အစိုးရက အဆိုပါမရိန်းစစ်စခန်းအား ကျွန်း၏ ပိုမိုဆိတ်ငြိမ်သော အပိုင်းသို့ ပြန်လည်နေရာချထားသဘောတူခဲ့ပါသည်။

          သို့သော် ဂျပန်ဝန်ကြီးချုပ်အဖို့ ပြောင်းရွေ့မပေးနိုင်မည့် အကြောင်းများရှိလာသည်မှာ ထင်ရှား လာပါသည်။ အမေရိကန်ကလည်း အခြားကျွန်းများက စစ်စခန်းလက်ခံရန် ငြင်းဆိုကြောင်း၊ အသုံးပြု ခွင့်အတွက် ပူပန်လာရမှုများကိုဖော်ပြလာပါသည်။

          ကလင်တန်၏ တရုတ်ခရီးစဉ်တွင် အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် မဟာဗျူဟာနှင့်စီးပွားရေးဆွေးနွေး မှုများ၌ နိုင်ငံရေးနှင့်ကုန်သွယ်ရေး ကိစ္စများပါဝင်မည်ဖြစ်ပါသည်။

          အမေရိကန်အစိုးရတာဝန်ရှိသူ ၂၀၀ ခန့်သည် အဆိုပါဆွေးနွေးမှုများအတွက် Beijing သို့ ရောက်ရှိနေပြီဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment