Transparency Myanmar

transparency.myanmar@gmail.com

English.people.com, 22nd May 2010

      တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် တောင်ကိုရီးယား (ROK)၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံများသို့ မေ ၂၈ မှ ဇွန် ၃ ရက် အတွင်း တရားဝင် ခရီးစဉ် သွားရောက်လိမ့်မည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက သောကြာနေ့တွင် ပြောကြားသည်။

      တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်၊ ဂျပန် ဝန်ကြီးချုပ် ဟာတိုယာမ ယူကီရို၊ မွန်ဂိုလီးယား ဝန်ကြီးချုပ် ဆာဘာထရင် ဘက်ဘိုးလ် နှင့် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန် တို့၏ ဖိတ်ကြားချက်အရ ဝန်ကြီးချုပ် 'ဝမ်' သွားရောက် လည်ပတ်ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာကျောက်ဇူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

      ဝမ်ကျားပေါင်သည် တောင်ကိုရီးယားနိုင်ငံ ဂျီဂျူးကျွန်းတွင် ကျင်းပမည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ရောက်လိမ့်မည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment