Transparency Myanmar

transparency.myanmar@gmail.com

VOA News, 22nd May 2010

      ကုလသမဂ္ဂသည် စစ်ပွဲများတွင် ကလေးသူငယ်များအား အသုံးပြုနေသော တိုင်းပြည်များနှင့် သူပုန်အဖွဲ့များကို ပိုမို တင်းကြပ်စွာ အရေးယူရန် တောင်းဆိုလိုက်သည်။

      ကုလသမဂ္ဂက သောကြာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုးဝါးဆုံး ချိုးဖောက်သော နိုင်ငံများ အဖြစ် မြန်မာနိုင်ငံ အပါအဝင်၊ ဖိလစ်ပိုင်ရှိ သူပုန်အဖွဲ့များ၊ ဆူဒန်ရှိ လက်နက်ကိုင် အဖွဲ့များနှင့် ကွန်ဂိုရှိ သူပုန်အဖွဲ့များကို အမည်တပ်၍ ဖော်ပြခဲ့သည်။

      အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သီးသန့် ဖော်ပြထားရာတွင် အစိုးရ၏ တပ်မတော်တွင်ရော၊ သူပုန်အဖွဲ့ နှစ်ခု ဖြစ်သော ကရင်နီတပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တို့တွင် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ကလေးသူငယ် စစ်သားများ စုဆောင်းလျက် ရှိကြောင်း ဖော်ပြခဲ့သည်။

      အစီရင်ခံစာတွင် ဖိလစ်ပိုင်ရှိ အဖွဲ့သုံးဖွဲ့ ဖြစ်သော Abu Sayyaf ၊ New People's Army နှင့် Moro Islamic Liberation Front (MILF) တို့သည် ကလေး စစ်သား စုဆောင်းရာတွင် အထူး တက်ကြွကြောင်း ဖော်ပြထားသည်။

      ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယခု အစီရင်ခံစာကို လာမည့်လတွင် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

      ကလေး သူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Radhika Coomaraswamy က သတိပေးရာတွင် ပဋိပက္ခ အတော်များများတွင် ကလေးများကို ရှေ့ဆုံးမှတင်၍ တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်။

      အစီရင်ခံစာတွင် ကွန်ဂိုနိုင်ငံရှိ အချို့အဖွဲ့များသည် ကလေးများ အပေါ် လိင်မှုဆိုင်ရာတွင်ပါ ရည်ရွယ်၍ ရက်ရက်စက်စက် နှိပ်စက်ရာတွင် သွေးထွက်သံယို အထိ နှိပ်စက်ကြောင်း ဖော်ပြထားသည်။ ဆိုမာလီ အသွင် ကူးပြောင်းရေးကာလ အစိုးရနှင့် al-shabad သူပုန်များသည် ကလေး သူငယ်များအား သတ်ဖြတ်ခြင်း၊ သေရာပါ ဒဏ်ရာ ရစေခြင်းများ ပြုလုပ်လျက် ရှိကြောင်း စွပ်စွဲထားသည်။

      အဆိုပါ အစီရင်ခံစာတွင် ကလေးများအား စပိုင် လုပ်စေခြင်း၊ စစ်သားလုပ်စေခြင်းနှင့် ရှေ့မှ အကာအကွယ် သဖွယ် သုံးခြင်းများကို အစဉ်တစိုက် အသုံးပြုသော နိုင်ငံများအား ဖော်ပြထားသည့် အပြင် ကလေးများအား ယခုမှ စတင် အသုံးပြုသော အဖွဲ့များအား ဖြော်ပခဲ့သည်။ အာဖကန် အမျိုးသား ရဲတပ်ဖွဲ့နှင့် ဆိုမာလီ၏ Hizbul Islam လက်နက်ကိုင်များသည် ယခုမှ ကလေးငယ်များကို စတင် အသုံးပြုသူများ အဖြစ် ဖော်ပြထားသည်။

      ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောကြားရာတွင် အချို့တိုင်းပြည်များသည် တိုးတက်မှုများ ပြုလုပ်လျက် ရှိကြောင်း ပြောသည်။

      Burundi ၏ အမျိုးသား လွတ်မြောက်ရေးတပ် (FLN) တွင် ကလေးများအား စုဆောင်းထားရာမှ ၎င်းတို့ မိသားစုများထံ ပြန်လည် ပို့ဆောင်ပြီးကြောင်း ကုလသမဂ္ဂမှ စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ အခြားသုံးဖွဲ့ ဖြစ်သော ဖိလစ်ပိုင်၏ MILF ၊ ဆူဒန် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် Nepal-Maoist ၏ United Communist Party တို့မှ ကလေး စစ်သား စုဆောင်းမှုအား ရပ်ဆိုင်းရန် စီမံချက်ချ လုပ်ဆောင်နေကြောင်း လက်မှတ် ရေးထိုးထားကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment