Transparency Myanmar

transparency.myanmar@gmail.com

www.monstersandcritics .com,24th May 2010

မြန်မာ စစ်ဖက်အုပ်ချုပ်သူများ ဒီမိုကရေစီ စနစ်ကို လက်ခံလာစေရန် ဖိအားပေးရေး အတွက် ချဉ်းကပ် ဆောင်ရွက်မှု အသစ် အဖြစ် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ဥရောပ သမဂ္ဂက စီစဉ်နေသည်ဟု စပိန် သတင်းရပ်ကွက်မှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြည့်ဝလိမ့်မည် မဟုတ်ဟု စိုးရိမ် ပူပန်မှုများရှိလာပြီးနောက် လွန်ခဲ့သော လအနည်းငယ် အပြီးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ အပေါ် အာရုံ စိုက်မိလာကြသည်ဟု ဗုဒ္ဓဟူးနေ့ မက်ဒရစ်တွင် ကျင်းပမည့် အီးယူ-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ သံတမန်များက ပြောကြားလိုက်သည်။

အီးယူနှင့် အတူ မဟာမိတ်များ ဖြစ်သော အမေရိကန်၊ သြစတြေးလျ နိုင်ငံများက မြန်မာအစိုးရ အပေါ် အရေးယူမှုနှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး အပေါ် အခိုင်အမာ တောင်းဆိုမှုကို ဆက်လက် ကျင့်သုံးနေစဉ် ဆွေးနွေးညှိနှိုင်းရန် အတွက်လည်း တံခါးဖွင့်ပေးထားသည်ဟု အာရှ ပစိဖိတ် ဆက်ဆံရေးဆိုင်ရာ စပိန်ဝါရင့် အရာရှိကြီး ဂျိုဆေးယူဂျီနီယို ဆလာရစ်က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံကို လွယ်လင့်တကူ ပေလယျာကံ ပစ်ပယ်ထားရေး'' မူဝါဒကို အီးယူနှင့် စပိန်က ယုံကြည်ခြင်း မရှိပါဟု ဆလာရစ်က ဆိုသည်။

အမေရိကန် သံတမန် Kurt Campbell ၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ်ကို ဥပမာ အဖြစ် ကိုးကား၍ ဆလာရစ်က "အဲဒီမှာ တွေ့ဆုံညှိနှိုင်းရေးကို ဦးတည်တဲ့ အလားအလာ ရှိနေပါတယ်'' ဟု ပြောကြားလိုက်သည်။

မြန်မာသို့ သွားမည့် အီးယူ မစ်ရှင်သည် ၂၀၀၂ နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး အီးယူ ကိုယ်စားလှယ်များအား အတိုက်အခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် မြန်မာအစိုးရက ခွင့်ပြုမှသာ ခရီးစဉ် ဖြစ်မြောက်မည်ဟု ဆလာရစ်က ဆိုသည်။

မြန်မာ အတိုက်အခံများတွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျနေသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။ မြန်မာနိုင်ငံကို ၁၉၆၂ မှ စ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခုတိုင် ရက်မသတ်မှတ်ရသေးသည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီး၊ ပါတီကကို ဖျက်သိမ်းခံခဲ့ရသည့် အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲ ဥပဒေက အတင်းအကျပ် ဖိအား ပေးထား၍ ဖြစ်သည်။

အီးယူနှင့် အာဆီယံ အရာရှိများ မက်ဒရစ်တွင် အင်္ဂါနေ့၌ တွေ့ဆုံမည် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်။

အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အရေးကို အီးယူက ဆက်လက် ထောက်ခံ တောင်းဆိုသွားမည် ဖြစ်သော်လည်း ယခု အစည်းအဝေးတွင် ကြီးကြီးမားမား တိုးတက် ပြောင်းလဲမှု ရှိမည် မဟုတ်ဟုသာ မျှော်လင့်ထားကြောင်း သံတမန်များက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အရှုပ်အထွေးကို အစည်းအဝေး အစီအစဉ်တွင် တရားဝင် ဆွေးနွေးမည် မဟုတ်သော်လည်း နိုင်ငံတွင်း အနေအထားကို အီးယူသို့ တင်ပြရန် ဘန်ကောက်က မျှော်လင့်ထားသည်။

အာဆီယံ အဖွဲ့တွင် ဘရူနိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment