Transparency Myanmar

transparency.myanmar@gmail.com

Asian Tribune, 28th May 2010

မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးစေရန် မြန်မာ စစ်ဖက် အစိုးရ အပေါ် ဖိအားပေးရေး အတွက် အလျင်အမြန် ဆောင်ရွက်ကြရန် ဗုဒ္ဓဘာသာ သံဃာတော်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ မူဆလင် တရားဟော ဆရာများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက သီရိလင်္ကာနိုင်ငံရှိ နိုင်ငံခြား မစ်ရှင် ရုံးခွဲများထံ စာဖြင့် ရေးသား တောင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က ကိုလံဘို မြန်မာသံရုံး အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသော ဆန္ဒပြသူ ၅၀ ခန့် ပါဝင်သော အုပ်စု၏ တောင်းဆိုမှုမှတဆင့် ယခု လှုပ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အထိန်းသိမ်းခံ နိုဘယ်ဆုရှင် နိုင်ငံရေး ခေါင်းဆောင်ကို လွှတ်ပေးရန် တောင်းဆိုသော ကြွေးကြော်သံများကို ၎င်းတို့က ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး မြန်မာနိုင်ငံတွင် ပါလီမန် အုပ်ချုပ်ရေးကို အမြန်ဆုံး ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။

၁၉၉၀ မေ ၂၇ ရက်နေ့က ကျင်းပခဲ့သော လွှတ်တော် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ အောင်ပွဲခံခဲ့သည့် အနှစ် ၂၀ အထိမ်းအမှတ် အဖြစ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရလဒ်များကို စစ်ဖက် အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment