Transparency Myanmar

transparency.myanmar@gmail.com

Irish Sun, 19th Jun 2010

          ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် စနေနေ့တွင် ကျရောက်သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူမအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် ယခုအချိန်အထိ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံနေရခြင်းကို အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်ဟု ၎င်းက ဆိုသည်။

          "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျွန်တော် အဆက်မပြတ်၊ တသမတ်တည်း တောင်းဆိုနေပါတယ်။ ဒါမှသာ နိုင်ငံရေး လုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ကြမှာပါ။" ဟု ဘန်ကီမွန်းက နယူးယောက်တွင် ပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မြန်မာ စစ်ဖက်အစိုးရက ၁၄ နှစ်ခန့် ထိမ်းသိမ်း ချုပ်နှောင်ထားခဲ့သော ရန်ကုန်မြို့ နေအိမ်တွင် သူမ၏ မွေးနေ့ကို ကုန်လွန်ခဲ့ရသည်။ သူမသည် ၁၉၆၉ မှ ၁၉၇၁ ထိ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးတွင် အမှုထမ်းခဲ့ဖူးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment