Transparency Myanmar

transparency.myanmar@gmail.com

Online Breaking News, 20th June 2010

အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ဖော်ဆောင်မည့် လုပ်ငန်းစဉ်သည် အစိုးရ သက်တမ်းထက်ပင် ပိုမို ကြာမြင့်ဖွယ် ရှိနေသဖြင့် တိုင်းပြည်သူများ အားလုံး လမ်းညွှန် မြေပုံတွင် ပူးပေါင်း ပါဝင်သင့်သည်ဟု ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက တနင်္ဂနွေနေ့ မနက်တွင် ပြောကြားလိုက်သည်။

"အစိုးရရဲ့ သက်တမ်းက အလွန်ဆုံး လာမယ့်နှစ် ဆိုရင် ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကတော့ ဆက်လုပ်ရမှာပါ။ အမျိုးသား စည်းလုံး ညီညွတ်ရေးဆိုတဲ့ အဆုံးစွန် ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ထိုင်းပြည်သူ အားလုံး ဒီအစီအစဉ်မှာ ပါဝင်ကြပါလို့ တောင်းဆိုပါတယ်" ဟု NBT တွင် အပတ်စဉ် တင်ဆက်နေသည့် "ဝန်ကြီးချုပ် အဘီဆစ် နှင့် ထိုင်းနိုင်ငံ အပေါ် ယုံကြည် စိတ်ချမှု" အစီအစဉ်တွင် အဘီဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ အများစု တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပေါင်းစည်းရေးနှင့် အမျိုးသား ပြုပြင် ပြောင်းလဲရေး အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုရန် ယခင် ဝန်ကြီးချုပ်ဟောင်း အာနန်ပန်ရာယာချွန် နှင့်အတူ ပရာဝက်ဝါဆီတို့က လက်ခံခဲ့သော်လည်း လုပ်ငန်း လမ်းညွှန်ချက်များ ရေးဆွဲရန် အချိန် ပိုမို လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment