Transparency Myanmar

transparency.myanmar@gmail.com

မုတ်သုံမိုး ကောင်းစွာ ရရှိမှုကြောင့် လာမည့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ တန်ပေါင်း သန်း ၁၀၀ သို့ ရောက်ရှိနိုင်တော့မည် ဖြစ်ကြောင်း အိန္ဒိယ ဆန်စပါး တင်ပို့ ရောင်းချသူများက ပြောကြားသည်။

အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဆန်စပါး အများဆုံး ထုတ်လုပ်သူနှင့် စားသုံးသူနိုင်ငံ ဖြစ်သည်။

"မိုးကောင်းစွာ ရွာသွန်းပြီး အစိုးရက စပါးစပ် မျိုးစေ့များကို အသုံးပြုခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံ ဆန်ထုတ်လုပ်မှုမှာ လာမည့်နှစ် စိုက်ပျိုးရေး ရာသီတွင် တန်ပေါင်း ၉၉ သန်းကျော်အထိ ထုတ်လုပ်လာနိုင်ဖွယ် ရှိသည်" ဟု အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ ဆန်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဌ Vijay Setia က ဆိုသည်။

အိန္ဒိယ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ် ကောက်ပဲသီးနှံ စိုက်ပျိုးရေးကာလမှ စ၍  ဇွန်လ အထိ ဆန်ထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၁၀ ရာခိုင် နှုန်းခန့် လျော့နည်းသွားပြီး ၈၉ ဒဿမ ၃၁ တန်သာ ထွက်ရှိဖွယ် ရှိသည်။ ယမန်နှစ်က ဆန်ထုတ်လုပ်မှုမှာ တန်ပေါင်း ၉၉ ဒဿမ ၂ သန်းဖြင့် စံချိန် တင်နိုင်ခဲ့သည်။ အိန္ဒိယ၏ ဆန်ထုတ်လုပ်မှု အခန်းကဏ္ဍသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ဆိုးရွားသော မုတ်သုံ ရာသီဥတုကြောင့် များစွာ ထိခိုက်ခဲ့သည်။  ဆယ်စုနှစ် လေးခုနီးပါးမျှ အတွင်း မိုးရေချိန် အနည်းဆုံး ရရှိသည့်နှစ် တစ်နှစ် ဖြစ်ခဲ့သည်။

သို့သော် အိန္ဒိယ မိုးလေဝသနှင့် ဇလဗေဒ ဌာန အဆိုအရ ယခု ၂၀၁၀ ပြည့်နှစ်တွင် ခန့်မှန်းထားသည်ထက် မုတ်သုံ အားကောင်းကာ မိုးရေချိန် ပိုမို ရရှိမည် ဖြစ်သည်။ ယခုနှစ် စပါး စိုက်ပျိုးရာသီမှာ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

ဇွန်လ ၂၅ ရက်နေ့ ကြေညာချက်အရ အိန္ဒိယသည် နှစ်ပေါင်း ၅၀ ကာလအတွင်း မိုးရေချိန် အများဆုံး ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင် စိုက်ပျိုးခဲ့သော နွေသီးနှံများ ဖြစ်သည့် စပါး၊ ကြံ၊ ဝါနှင့် ဆီစေ့များမှာ ယခုနှစ် ဇူလိုင်လတွင် ရိတ်သိမ်း ရရှိမည် ဖြစ်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment