Transparency Myanmar

transparency.myanmar@gmail.com

DVB News, 23rd June 2010

          ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အဓိပ္ပါယ် မရှိဘဲ စစ်ဖက် အစိုးရကို အထောက်အကူ ဖြစ်စေရုံသာ ရှိမည်ဟု အတိုက်အခံ ပါတီသစ်က ယုံကြည်ထားကြောင်း သိရှိရသည်။

          ယခုနှစ် ကျင်းပမည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစု NDF က ကြေညာခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ အတိုက်အခံ ဒီမိုကရေစီ ပါတီဟောင်းကို စိတ် အနှောက်အယှက် ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲ မဝင်ဟု ဆုံးဖြစ်ခဲ့ခြင်းကြောင့် အဓမ္မ ဖျက်သိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ခွဲထွက်လာသော အုပ်စုက NDF ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

          "ရွေးကောက်ပွဲ မဝင်တဲ့အတွက် ဒီမိုကရေစီ မဟုတ်တဲ့ ပါတီ ကိုယ်စားလှယ်တွေကို နေရာပိုပေးသလိုဖြစ်ပြီး လွှတ်တော်မှာ နေရာရ သွားစေနိုင်တဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အဓိပ္ပါယ် မရှိဘူးလို့ ယုံကြည်ပါတယ်" ဟု ယခင် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ၊ ယခု NDF ပါတီဝင် ဦးခင်မောင်ဆွေက ပြောကြားလိုက်သည်။

          NDF သည် အမေရိကန် သမ္မတလောင်း၏ လက်ထောက်အဖြစ် တစ်ကြိမ် ဆောင်ရွက်ဖူးသူ John Kerry၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ ဥပဒေ ပညာရှင် Robin Lerner တို့နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ Lerner သည် NLD တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

          NDF ပါတီသည် ရွေးကောက်ပွဲများ တရား မျှတလိမ့်မည်ဟု များစွာ မျှော်လင့်မထားသော်လည်း ပြည်သူတို့၏ အကျိုးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

          "တကယ်လို့ ရွေးကောက်ပွဲကို ပျက်အောင်လုပ်မယ်ဆိုရင် စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည် ရုံပဲ ရှိမှာပါ။ ဘယ်သူကမှ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် သပိတ်မှောက်နိုင်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

          အထက်ပါ မှတ်ချက်များက NLD ပါတီကို ပို၍ စိတ်ဆိုးစေဖွယ် ရှိသည်။ ရွေးကောက်ပွဲဝင်၊ မဝင် အငြင်းပွားမှုကြောင့် ပါတီ၏ ထိပ်ပိုင်းအဆင့်တွင် အကွဲအပြဲဖြစ်ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် ဖိအား ပေးထားသော ရွေးကောက်ပွဲဥပဒေကိုသာ ဝိုင်း၍ အပြစ်တင်ခဲ့ကြခြင်း ဖြစ်သည်။

          ရွေးကောက်ပွဲ အလွန် မြန်မာနိုင်ငံတွင် NLD ပါတီ၏ အနေအထားကဏ္ဍမှာ မသေချာသေး ကြောင်း၊ အကြောင်းမှာ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်နိုင်သေးသောကြောင့် ဖြစ်ကြောင်း NLD ပါတီက Lerner ကိုပြောကြားခဲ့သည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

          "လက်ရှိ အနေအထားနဲ့ နိုင်ငံရေး ဝန်းကျင်မှာ ရွေးကောက်ပွဲတွေ လွတ်လပ်၊ မျှတမယ့် အလားအလာ မရှိပါဘူး။ အခြေခံ ဥပဒေမှာ စစ်တပ်က နိုင်ငံရေး ဦးဆောင်ကဏ္ဍကို ကိုယ့်ဘာသာကိုယ် ယူထားတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

          "ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ နောက်အကြောင်းအရင်း တစ်ခုကတော့ နိုင်ငံရေးအရ ထိန်းသိမ်းထားတဲ့ ကျွန်တော်တို့ ပါတီခေါင်းဆောင် အပါအဝင် ကျွန်တော်တို့ ပါတီဝင်တွေကို မထုတ်ပယ်နိုင်လို့ပါ။ ကျွန်တော်တို့ အနေအထားကို သူမ နားလည်ပါတယ် လို့ Lerner က ပြောခဲ့ပါ တယ်" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment