Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် ဖြစ်ပွားခဲ့သော ရေကြီးပြီး မြေပြိုမှုများနှင့် ရင်ဆိုင်ခဲ့ရသော ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့အစည်းများက ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက် ရှိကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။ အဆိုပါ ရေကြီးမှုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာသော ရွာသူရွာသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မြန်မာနိုင်ငံ အနောက်ဘက် ဒေသ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှု ဒဏ်ကို အိမ်ထောင်စုပေါင်း ၂၇၀၀၀ ခန့် ခံစားခဲ့ရသည်ဟု ဇွန်လ ၂၅ ရက်နေ့တွင် ပြောကြားသည်။

ယခုအခါ UNHCR သည် ယူနီဆက်အဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) အပါအဝင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) များ၊ အစိုးရ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ဒေသသို့ ရွှေ့ပြောင်း ကျန်းမာရေး အဖွဲ့များ စေလွှတ်ရန် အကူအညီ ပေးလျက် ရှိသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း ရေလွှမ်းမိုးမှု ခံရသော အိမ်ထောင်စုများအတွက် စားနပ်ရိက္ခ ၁၀၉၇ တန် ဖြန့်ဝေပေးရန် စီစဉ်လျက် ရှိသည်။ မောင်းတောနှင့် ဘူးသီးတောင် ဒေသများသို့ စားနပ်ရိက္ခာ တန်ပေါင်း ၄၀၀ ပေးပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။ မောင်းတောနှင့် ဘူးသီးတောင်တို့မှာ ရေလွှမ်းမိုးမှုကို ဆိုးရွားစွာ ခံခဲ့ရသော နေရာ ဒေသများ ဖြစ်သည်။ လတ်တလော ပို့ထားသည့် စားနပ်ရိက္ခာ အများစုမှာ ဆန်၊ ပဲ၊ ဆီနှင့် ဆားတို့ ဖြစ်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ အဆိုအရ အဆိုပါ ဒေသများရှိ အနည်းဆုံး ကျေးရွာပေါင်း ၁၀၀ တွင် ဝင်ငွေရရှိရေး ဆောင်ရွက်ချက်များ စတင် လုပ်ကိုင်ပေးနေပြီ ဖြစ်ရာ ဒေသခံများ အနေဖြင့် စောင်၊ ခြင်ထောင် အစရှိသည်တို့ အပါအဝင် ၎င်းတို့ လိုအပ်သော အစားအစာများနှင့် မရှိမဖြစ် အသုံးအဆောင်များကို ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ဒေသတွင် ဖြစ်ပွားခဲ့သော မိုးကြီး ရေလျှံမှုကြောင့် သေဆုံးသူ စုစုပေါင်း ၆၃ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာက ဆိုသည်။ အိမ်ခြေပေါင်း ၇၀၀ မှာ လုံးလုံးလျားလျား ပျက်စီးသွားပြီး ၃၅၀၀ ခန့်မှာ အချို့ အစိတ်အပိုင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာပြီး ရေမြင့်တက်မှုနှင့် မြေပြိုမှု ဖြစ်ပွားရာ လူပေါင်း အနည်းဆုံး ၅၈ ဦး သေဆုံးခဲ့ရသည်။

UN Press Release ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment