Transparency Myanmar

transparency.myanmar@gmail.com

BBC News, 27th June 2010

ဗြိတိန် ဝန်ကြီးချုပ် David Cameron သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလတွင် အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ဒေါင်းနင်းလမ်းမှ အတည်ပြုခဲ့သည်။

ကနေဒါနိုင်ငံ တိုရန်တိုတွင် ကျင်းပနေသော G-20 ထိပ်သီး အစည်းအဝေးတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံရာတွင် တရုတ်သမ္မတ ဟူကျင်းတောင်က Mr. Cameron သို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များက တရုတ်နှင့် ယူကေကြားတွင် ကုန်သွယ်မှု တိုးမြှင့်ရေးကို လုံးလုံး သဘောတူကြကြောင်း ဒေါင်းနင်းလမ်းက ပြောကြားခဲ့သည်။

Mr. Cameron သည် အိန္ဒိယ ဝန်ကြီးချုပ်နှင့်လည်း နွေးထွေး၍ အပေါင်းလက္ခဏာ ဆောင်သော ဆွေးနွေးမှု ရရှိခဲ့သည်။

Mr. Hu က နောက်တစ်ကြိမ် နိုဝင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံ Seoul တွင် ကျင်းပမည့် G-20 ထိပ်သီး အစည်းအဝေး လာရောက်ရင်း တရုတ်နိုင်ငံသို့ လာရောက်ရန် ဗြိတိန် ဝန်ကြီးချုပ်အား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

Mr. Hu က စကားပြန်မှ တဆင့် စကားပြောရာတွင် "အဆွေတော်အား ပထမဆုံး အကြိမ် တွေ့ဆုံရသည်ကို အလွန် ဝမ်းမြောက်မိပါတယ်။ အဆွေတော် ဗြိတိန် ဝန်ကြီးချုပ်ဖြစ်လာတာကို ချီးကျူးစကား ဆိုပါရစေ" ဟု ဆိုသည်။

တရုတ် သမ္မတက ပြောကြားရာတွင် Mr. Cameron သည် ဝန်ကြီးချုပ် ဖြစ်ပြီး ဒုတိယနေ့တွင် ၎င်းထံတွင် ဖုန်းဆက်ပြီး တရုတ်နိုင်ငံနှင့် အားကောင်းသော ဆက်ဆံရေး ထူထောင်ရန် အသင့်ရှိကြောင်း ပြသခဲ့သည်ဟု ဆိုသည်။

Mr. Hu က ဖြည့်စွက် ပြောကြားရာတွင် "ဒီအချက်က အဆွေတော် ကိုယ်တိုင်ရော၊ ဗြိတိသျှ အစိုးရသစ် အတွက်ပါ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အရေးကြီးတဲ့ တာဝန် ထမ်းဆောင်ရမယ်လို့ ပြသလိုက်တာပါပဲ။ ကျွန်ုပ်တို့ အနေနဲ့ ဒီအချက်ကို အများကြီး အသိအမှတ် ပြုပါတယ်" ဟု ပြောခဲ့သည်။

Mr. Cameron ကလည်း "ဗြိတိန်နဲ့ တရုတ်ဆက်ဆံရေးဟာ အလွန် အရေးကြီးတဲ့အတွက် ကျွနိုပ်အနေနဲ့ ဦးဆောင် အခန်းကဏ္ဍကနေ ပါဝင်လိုပါတယ်" ဟု တုန့်ပြန်ခဲ့သည်။

"ကျွန်တော့်အနေနဲ့ မဟာဗျူဟာ မြောက်တဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်နေပါမယ်" ဟု ဆိုခဲ့သည်။

သမ္မတ Hu နှင့် မိနစ် သုံးဆယ်ကြာ တွေ့ဆုံမှုတွင် Mr. Cameron သည် စွမ်းအားပြည့် ထူထောင်ခဲ့သော ကူးသန်းရောင်းဝယ်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုကို အဆင့်မြှင့်ရေး အတွက် ကိုယ်ပိုင် ကတိကဝတ်များလည်း ပြုခဲ့ကြောင်း ဒေါင်းနင်းလမ်းက ပြောကြားခဲ့သည်။

ခေါင်းဆောင်များသည် ရသုံးမှန်းခြေဆိုင်ရာ ငွေကြေးများ ပိုမို အင်အားကောင်းစွာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး နလံထူမှု အတွက် လက်ရှိ ကြိုးစား အားထုတ်မှုများသည် အသက်တမျှ အရေးကြီးကြောင်း သဘောတူကြသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။

အဆိုပါ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ခေါင်းဆောင် နှစ်ဦးတို့သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဒိုဟာ စားပွဲဝိုင်း ဆွေးနွေးမှုကို အဆုံးသတ်ရန် နှစ်ဦးစလုံးက ဆန္ဒရှိကြောင်း ဆိုခဲ့ပြီး၊ ဗြိတိန် - တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပင် Mr. Cameron သည် အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh နှင့်လည်း စကားပြောခဲ့သည်ဟု ဒေါင်းနင်းလမ်းက ပြောသည်။

ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ဗြိတိသျှ ဝန်ကြီးချုပ်သည် ဗြိတိန်-အိန္ဒိယ ဆက်ဆံရေး အတွက် ၎င်း၏ လေးနက်သော သံယောဇဉ်ကို ပြသခဲ့ပြီး နှစ်နိုင်ငံကြား အထူး ပါတနာရှစ် ထူထောင်လိုသော ၎င်း၏ မပျက်ပြယ်သော ဆန္ဒကိုလည်း ထုတ်ဖော် ပြသခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဗြိတိန်-အိန္ဒိယ ကုန်သွယ်ရေး တိုးမြှင့်ရေး၊ စီးပွားရေး အဆက်အသွယ်များနှင့် ပညာရေး ဖလှယ်မှုများကို လေးနက်စွာ အာရုံပြု ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

ဒေါင်းနင်းလမ်းက ပြောကြားရာတွင် နိုင်ငံခြားရေးရာ မူဝါဒများကို ဆွေးနွေးရာတွင် အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့၏ တည်ငြိမ်ရေးသည် ဗြိတိန်နှင့် အိန္ဒိယတို့၏ အမျိုးသား လုံခြုံရေးအတွက် အရေးကြီးကြောင်း သဘောတူခဲ့သည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment