Transparency Myanmar

transparency.myanmar@gmail.com

AFP, 30th June 2010

အရှေ့တောင် အာရှ မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ၏ လူ့အခွင့်အရေး နှိပ်စက် ညှင်းပန်းမှုများကြောင့် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်မှုကို တစ်နှစ် သက်တမ်းတိုးရန် အရေးပါသော အမေရိကန် ဆီးနိတ် ကော်မတီက ဗုဒ္ဓဟူးနေ့တွင် တခဲနက် မဲပေး ဆုံးဖြတ်လိုက်သည်။

၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ဥပဒေအရ နှစ်စဉ် လုပ်ဆောင်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ၂၂ မဲ/ ၁ မဲဖြင့် မဲပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ကို အထက် လွှတ်တော် တစ်ခုလုံးနှင့် အောက်လွှတ်တော်တို့ထံမှ အတည်ပြုချက် ရရှိရန် လိုအပ်သေးသည်။

မြန်မာ ပြည်သူများအပေါ် အလွန်အကျွံ ဖိနှိပ် ချုပ်ချယ်မှုများ ရပ်ဆိုင်းရန်နှင့် နိုင်ငံ လူအခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာစေရန် အတွက် မြန်မာ အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများဖြင့် လိုအပ်သော ဖိအားပေးခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေး ကော်မတီ ဥက္ကဌ ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် Max Baucus က ပြောကြားသည်။

မြန်မာ စစ်ဖက် အစိုးရက ၎င်း၏ ပြည်သူများ အပေါ် နှိပ်စက် ညှင်းပန်းမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေသမျှ ကာလပတ်လုံး အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်သူများ အတွက် ရပ်တည်ကာ လူ့အခွင့်အရေးများကို အားပေး ထောက်ခံရန် ကုန်သွယ်ဘက် မိတ်ဆွေများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ရှေ့ရှုသည့် လုပ်ငန်းများနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုကို ကူညီ တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု အမေရိကန် သမ္မတက မသတ်မှတ်သေးသ၍ မြန်မာမှ သွင်းကုန်များကို ပိတ်ပင်ရန် အတွက် "မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ ၂၀၀၃" ကို ပြဋ္ဌာန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment