Transparency Myanmar

transparency.myanmar@gmail.com

English.people.com.cn, 30th June 2010

ပြီးခဲ့သည့် မတ်လတွင် ကုန်ဆုံးသော ၂၀၀၉-၁၀ ဘဏ္ဍာနှစ်တွင် မြန်မာ-စင်္ကာပူ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ ၁.၈၆ ဘီလီယံ ရှိခဲ့ကြောင်း၊ မြန်မာ အစိုးရ ဗဟိုစာရင်းအင်း အဖွဲ့ (CSO) မှ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရသည်။

မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၇၁ သန်းဖိုး တင်ပို့ခဲ့ပြီး၊ စင်္ကာပူနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၁၉၈ ဘီလီယံဖိုး တင်သွင်းခဲ့ရာ၊ မြန်မာနိုင်ငံအဖို့ ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ်လာ ၄ သန်း ပြခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်ပို့သူများ စာရင်းတွင် စင်္ကာပူသည် နံပါတ် ငါးနေရာမှ နံပါတ်နှစ် နေရာသို့ ရောက်ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံကို ဖယ်၍ ပထမနေရာ ယူထားသည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၈-၀၉ တွင် နံပါတ်သုံး နေရာသို့ ကျသွားသည်။

စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် သံမဏိပစ္စည်းများ တင်ပို့ခဲ့သည်။

၂၀၀၈-၀၉ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ ၁.၉၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ မြန်မာသည် စင်္ကာပူသို့ အမေရိကန် ဒေါ်လာ ၈၅၈.၉၅ သန်းဖိုး တင်ပို့ခဲ့သည်။ စင်္ကာပူနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလီယံဖိုး တင်သွင်းခဲ့ရာ၊ ကုန်သွယ်ရေး လိုငွေ အမေရိကန် ဒေါ်လာ ၁၉၈.၉၆ သန်း ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် အဓိကအားဖြင့် အာရှနိုင်ငံများနှင့်သာ ဖြစ်ပြီး၊ စုစုပေါင်း၏ ၉၀ % ရှိသည်။ အခြား ASEAN အဖွဲ့ဝင် နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၅၁.၃ % ရှိသည်။ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှု ၄.၈ % သာရှိပြီး၊ အမေရိကနိုင်ငံများနှင့် ၁.၅ % သာ ရှိသည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်မှာ သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက် ပစ္စည်းများ ဖြစ်ပြီး၊ အဓိက သွင်းကုန်ပစ္စည်းများမှာ စက်ပစ္စည်းများ၊ ရေနံစိမ်း၊ စားသုံးဆီ၊ ဆေးဝါးပစ္စည်းများ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် လူသုံးကုန် ပစ္စည်းများ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment