Transparency Myanmar

transparency.myanmar@gmail.com

English.people.com, 30th June 2010

မြန်မာ-အိန္ဒိယ ၂ နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလီယံ အထိ ရောက် ရှိခဲ့ခြင်းကြောင့် ယခင်နှစ် ကထက် ၂၆.၁ % မြင့်တက်လာကာ ထိုင်း၊ တရုတ်၊ စင်ကာပူ တို့၏ နောက်တွင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ရပ်တည်နေသည်ဟု ဗုဒ္ဓဟူးနေ့က ရရှိသော နောက်ဆုံး တရားဝင် ကိန်းဂဏန်းများ အရ သိရှိရသည်။

စုစုပေါင်း ကုန်သွယ်မှု တန်ဘိုး အနက် အိန္ဒိယသို့ မြန်မာ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ပြီး အိန္ဒိယထံမှ ဒေါ်လာ ၁၉၄ သန်းဖိုး ပြန်လည် တင်သွင်းခဲ့သည်ဟု ဗဟို စာရင်းအင်း အဖွဲ့က ဆိုသည်။

၂၀၀၈-၂၀၀၉ တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ဒေါ်လာ ၉၄၃ သန်း အထိ စာရင်းဝင် မှတ်ပုံတင်ခဲ့ပြီး၊ မြန်မာမှ အိန္ဒိယသို့ ပို့ကုန် တန်ဘိုး ဒေါ်လာ ၁၄၄သန်း နှင့် အိန္ဒိယထံမှ ဒေါ်လာ ၇၉၇သန်း ဖိုး ပြန်လည် တင်သွင်းခဲ့သည်ဟု သိရသည်။

မြန်မာမှ အိန္ဒိယသို့ လယ်ယာ ထွက်ကုန်နှင့် သစ်တော ထွက်ကုန်များ တင်ပို့ကာ အိန္ဒိယထံမှ ဆေးနှင့် ဆေးဝါးပစ္စည်းများ အဓိက ပြန်လည်တင်သွင်းသည်။

မြန်မာအစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ၁၉၈၈ မှစ၍ တံခါးဖွင့်ပေးခဲ့ရာ မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ ရင်းနှီး မြုပ်နှံမှုမှာ ၂၀၁၀ မတ်လတွင် အမေရိကန် ဒေါ်လာ ၁၈၉သန်း သို့ ရောက်ရှိခဲ့ရာတွင် ၂၀၀၇ စက်တင်ဘာက ဒေါ်လာ ၁၃၇ သန်းမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍသို့ စီးဝင်ခဲ့သည် ဟု စာရင်းဇယားများက ညွှန်ပြနေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment