Transparency Myanmar

transparency.myanmar@gmail.com

The Daily Star, 19th July 2010

စစ်တကောင်း ခရိုင် ဒိုဟာဂျာရီမှ မြန်မာနိုင်ငံ ဂန်ဒမ်သို့ ရထားလမ်း ဖောက်လုပ်ရာတွင် အကူအညီ ထောက်ပံ့ ပေးအပ်ရန် စိတ်ဝင်စားကြောင်း တရုတ်နိုင်ငံနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့က ဖော်ပြခဲ့သည်ဟု ဆက်သွယ်ရေး ဝန်ကြီး ဆေယက်အကူ ဟော်စိန်က ပြောကြားလိုက်သည်။

အဆိုပါ စီမံကိန်းကို အမျိုးသား စီးပွားရေး ကောင်စီ အလုပ်အမှုဆောင် ကော်မတီ (Ecnec) က ယခုလတွင် အတည် ပြုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခု ရထားလမ်း တည်ဆောက်မှု မှတဆင့် အရှေ့ဖက် နိုင်ငံများနှင့် မြောက်ဖက် နိုင်ငံများကို တိုက်ရိုက် ရထားလမ်း ဆက်သွယ်မှု ထူထောင်ကာ "အာရှ ဖြတ်သန်း ရထားလမ်း'' သို့ ပူးပေါင်းရန် ဆန္ဒ ရှိနေသည်။

ဒိုဟာဂျာရီ မှ ရာမူး၊ ထိုမှ ဂန်ဒမ်သို့ ရထားလမ်း ဖောက်လုပ်ရာတွင် မည်သည့် နိုင်ငံ (သို့) မည်သည့် အဖွဲ့အစည်းထံမှ အကူအညီ ရယူမည် ဆိုသည်ကို ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန လက်အောက်ရှိ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး ဋ္ဌာနခွဲက ဆုံးဖြတ်လိမ့်မည်ဟု ဝန်ကြီးက ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ လေ့လာမှုကို ကနေဒါ ကုမ္ပဏီတစ်ခုဖြင့် ဆောင်ရွက် ပြီးစီးခဲ့ပြီဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထို့အပြင် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ကလည်း ဖြစ်နိုင်ခြေ လေ့လာမှုကို ပြုလုပ်ဦးမည်ဟု သိရှိရသည်။

အဘူဟော်စိန်က ဆက်လက်၍ ယခု ရထားလမ်း ဖောက်လုပ်ရန် ငွေကြေး ရန်ပုံငွေ ပြဿနာ တစုံတရာ ရှိမည် မဟုတ်ကြောင်းနှင့် ယခု အစိုးရ သက်တမ်း အတွင်း တည်ဆောက်ရေး လုပ်ငန်း စတင်မည်ဟု ပြောဆိုခဲ့သည်။

ရထားလမ်း စီမံကိန်း အတွက် ခန့်မှန်း ကုန်ကျစရိတ်မှာ တာကာငွေ  ၁၈၅၂ ကုဋေ ဖြစ်၍ ၎င်းငွေ ပမာဏ အနက် တာကာငွေ ၆၇၀ ကုဋေကို အစိုးရက ထုတ်ပေးမည် ဖြစ်ပြီးကျန် ၁၁၈၂ ကုဋေကို စီမံကိန်း အကူအညီ အဖြစ် ရရှိမည်ဟု သိရသည်။

၅၂၈ ကီလိုမီတာ ရှည်သော ရထားလမ်းကြောင်းသည် ခရီးသွားလုပ်ငန်း အချက်အချာ ကော့ဘဇား ခရိုင်နှင့် ဆက်သွယ်မည် ဖြစ်ပြီး "အာရှ ဖြတ်သန်း ရထား စင်္ကြံလမ်း'' နှင့်လည်း ချိတ်ဆက် ပူးပေါင်းသွားမည် ဖြစ်သည်။

ထို့အပြင် ယခု စီမံကိန်းတွင် ဆာကာနီယာ၊ လိုဟာဂရာ၊ ချာကာရီးယား၊ ဒူလာဟာဂျရာ၊ အစ်ဂါအွန်၊ ရာမူး၊ ကော့ဘဇား၊ ယူကီးရား၊ ဂန်ဒမ် ဘူတာရုံများ ဆောက်လုပ်ခြင်းနှင့် ဒိုဟာဂျာရီ ဘူတာရုံ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများလည်း ပါဝင်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment