Transparency Myanmar

transparency.myanmar@gmail.com

AFP, 19th July 2010

မြောက်ကိုးရီးယားသည် နယ်စပ်တွင် တင်းမာမှုများ ရှိနေချိန်တွင် တောင်ကိုးရီးယားနှင့် နယ်စပ်ရှိ ၎င်း၏ ရေကာတာ တစ်ခုမှ ရေများ စတင် ဖောက်ချလျက် ရှိသည်ဟု တနင်္လာနေ့က သတင်းများက ဆိုသည်။

မြောက်ကိုးရီးယားတို့သည် ၎င်း၏ Hwanggang ဆည်မှ ရေများကို တစ်စက္ကန့်လျှင် ရေတန် (၁၀၀၀) နှုန်းဖြင့် လွှတ်နေကြောင်း Yonhap သတင်းဋ္ဌာနက ဆိုသည်။

အဆိုပါ ဆည်၏ ရေတံခါးများကို တနင်္ဂနွေနေ့က စဖွင့်ခဲ့သည်ဟု ယူဆပြီး ရေများကို Imjin မြစ်ထဲသို့ လွှတ်ပေးခဲ့ပြီး၊ Imjin မြစ်သည် ပင်လယ်ဝါသို့ စီးမဝင်မီ တောင်ကိုးရီးယား နိုင်ငံကို ဖြတ်သန်း စီးဆင်းသည်။ သို့သော် တောင်ကိုးရီးယား တာဝန်ရှိသူများကမူ မည်သည့် မှတ်ချက်မျှ ပေးခဲ့ခြင်း မရှိပေ။

ကိုးရီးယား ကျွန်းဆွယ်တွင် လွန်ခဲ့သောရက် အနည်းငယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ၊ အဓိက မြစ်များတွင် ရေမျက်နှာပြင်များ မြင့်တက်လာသည်။

ပြုံးယမ်းသည် တနင်္ဂနွေနေ့က ဆိုးလ်သို့ နယ်စပ်သို့ နယ်စပ်ရှိ ရေကာတာ တစ်ခုမှ ရေများကို ရေလျှံခြင်းမှ ကာကွယ်ရန် ဖောက်ထုတ်မည် ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဆည်မှ ရေများ ရုတ်တရက် ဖောက်ထုတ်မှုကြောင့် တောင်ကိုးရီးယား လူမျိုး ခြောက်ဦး သေဆုံးပြီး ကတည်းက ပြုံးယမ်းသည် ထိုသို့ အကြောင်းကြားရန် ကတိပေးခဲ့သည်။

မည်သို့ပင် ဖြစ်စေ ပြုံးယမ်းက ထိုသို့ ရေများဖြင့် တိုက်ခိုက်မှုမျိုးသည် ဆိုးလ်အနေနှင့် စိုးရိမ်မှုများ ဖြစ်စေခဲ့သည်။

မတ်လက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက် အပေါ် အမေရိကန်နှင့် တောင်ကိုးရီးယား တို့က မြောက်ကိုးရီးယား တော်ပီဒို ပစ်ခတ်မှုကြောင့်ဟု စွပ်စွဲခဲ့မှု အပြီးတွင် တင်းမာမှုများ ပိုလာခဲ့သည်။

မြောက်ကိုးရီးယား တို့က ၎င်းတို့ ပတ်သက်ခြင်း မရှိကြောင်း စိတ်ဆိုးမာန်ဆိုး ငြင်းဆိုခဲ့ပြီး၊ ဇူလိုင်လ (၉) ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကြေညာချက်တွင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူကို အမည် မတပ်ဘဲ ရှုတ်ချခဲ့ခြင်းသည် မြောက်ကိုးရီးယား အတွက် ၎င်းလိုအပ်သော အချက်ကို သက်သေ ပြခဲ့သလို ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment