Transparency Myanmar

transparency.myanmar@gmail.com

VOA News, 16th July 2010

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ရွေးကောက်ပွဲများ အတွက် ပြင်ဆင်မှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်။ သို့သော် တိုင်းပြည်၏ အတိုက်အခံ နိုင်ငံရေး ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပြင်းထန်သော တင်းကြပ် ချုပ်ချယ်မှုများ ပြုလုပ်ထားသည်။ ယခုနှစ် အစောပိုင်း ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများနှင့် အပြစ် အနာအဆာ များလှသော ၂၀၀၈ အခြေခံဥပဒေမှ ချမှတ်သော စည်းမျဉ်းများ အရ ပေါ်ပေါက်လာမည့် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲများတွင် ပါဝင်ရန် အတည်ပြုချက် ရရှိသော နိုင်ငံရေးပါတီ ၃၈ ခုခန့် ရှိပြီ ဖြစ်သည်။

အမှတ်တမဲ့ ကြည့်ပါက အဆိုပါ အမတ် ရွေးပွဲများသည် စစ်အစိုးရက သံလက်သီး သဖွယ် တင်းကြပ်စွာ နှစ်ရှည်လများ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် နောက်ဆုံး၌ ဒီမိုကရေစီ ပြန်လည် ရရှိခဲ့ပြီဟု ညွှန်းဆိုနေသယောင် ရှိသည်။

သို့ရာတွင် ထိုသို့ ယူဆပါက မှားယွင်းလိမ့်မည်။ စစ်ဖက်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများနှင့် ဆောင်ရွက်ချက်များက ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတ၍ ဒီမိုကရေစီ ပြည့်ဝမည် မဟုတ်ကြောင်းကို သဲကွဲအောင် ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး အစိုးရက ၎င်း၏ လမ်းကြောင်းပေါ်ရှိ အဆင့်တိုင်းကို ဂရုတစိုက် စီစဉ် ပြင်ဆင်လျက် ရှိသည်။ တင်းကြပ် ချုပ်ချယ်သော မြန်မာ ရွေးကောက်ပွဲ ဥပဒေများ၏ အကျိုးဆက်အဖြစ် နိုင်ငံ၏ ဦးဆောင် အတိုက်အခံ ပါတီ NLD  ကရွေးကောက်ပွဲ မဝင်ရန်နှင့် မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်နှင့် မပတ်သက်ဘဲ လွတ်တော်တွင် တပ်မတော် အတွက် ၂၅ % (သို့) လေးပုံတစ်ပုံ သီးသန့် ဖယ်ပေးထာသော ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်ပါမည်ဟု မှတ်ပုံတင်မည့် ပါတီများက ကတိပြုကြမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်များအား တိုင်းရင်းသား အုပ်စုများ၊ အတိုက်အခံ ဒီမိုကရေစီ အုပ်စုများ အပါအဝင် နိုင်ငံရေး အင်အားစု အားလုံးနှင့် ဆက်ဆံပြောဆို ဆွေးနွေးရန်၊ နိုင်ငံရေး လုပ်ငန်းစဉ်ကို အများပြည်သူ အမှန်တကယ် ပါဝင်နိုင်အောင် ဖွင့်ပေးရန်၊ နှစ်ရှည်လများ တိုက်တွန်းခဲ့သည်။ လာမည့် ရွေးကောက်ပွဲများကို မည်သို့ တုန့်ပြန်မည် ဆိုသည့် အပေါ် မြန်မာ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ပါတီများ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ခြင်းကို မိမိတို့ အားလုံးက လေးစားရမည်။ မဲဆွယ်ခြင်း၊ စုဝေးခြင်းနှင့် သတင်း မီဒီယာ တို့အပေါ် ကန့်သတ်မှုများ အပါအဝင် နိုင်ငံရေး တင်းကြပ် ချုပ်ချယ်မှုများ ရှိနေသောကြောင့် အမှးအယွင်း များသော ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခု အဖြစ် ပေါ်လွင်နေဆဲ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အခြေအနေသည် လွတ်လပ် မျှတသော၊ တရားဝင် ရလဒ်များနှင့် ဆင်ဆင်တူရန်ပင် အလှမ်းဝေးနေသည်ဟု မိမိတို့ ယုံကြည်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ်မျာနှင့် တိုက်ရိုက် ဆွေးနွေးပွဲများတွင် ဤအချက်ကို ထည့်သွင်း ထောက်ပြခဲ့ပြီး ရှေ့ဆက်၍လည်း ဤအတိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်။ ယခု အချိန်အထိမူ ၎င်းတို့၏ တုန့်ပြန်မှုမှာ စိတ်ပျက်စရာပင် ဖြစ်သည်။

တချိန်ထဲတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ လိုလားသူ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားသည်။ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအား နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ တမဟုတ်ခြင်း လွှတ်ပေးရန်နှင့်၊ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာ နေထိုင်သော နိုင်ငံသားတို့၏ အခွင့်အရေးကို လေးစားသော ပိုမို တည်ငြိမ်၊ ဖွံ့ဖြိုးသည့် မြန်မာနိုင်ငံကို တည်ဆောက်သည့် လုပ်ငန်းစဉ်တွင် အဆိုပါ နိုင်ငံရေး သမားများအား ပါဝင်ခွင့် ပြုရန် တောင်းဆိုထားသည်။

အဆိုပါ ဆွေးနွေးပွဲများတွင် မြန်မာ အရာရှိများက ၎င်းတို့သည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်ရန် ကြိုးစားခဲ့သည်ဟု တင်ပြသည်။ အကယ်၍ ၎င်းတို့ အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် အခြေခံကျကျ ဆက်ဆံရေး ပုံစံတစ်မျိုးကို မျှော်မှန်းပါက ၎င်းတို့၏ နိုင်ငံအတွင်းတွင် အခြေခံကျသော လုပ်ငန်းစဉ်များကို ပြောင်းလဲရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment