Transparency Myanmar

transparency.myanmar@gmail.com

www.radiorustrialianews.net, 20th July 2010

မြောက်ကိုးရီးယားက တောင်ကိုးရီးယား သင်္ဘောကို နစ်မြုပ်ခြင်း ကိစ္စနှင့် မြန်မာ ရွေးကောက်ပွဲ ကိစ္စတို့သည် ဟနွိုင်းတွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အစီအစဉ်တွင် ထိပ်ဆုံးက ပါဝင်နေသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ကိုးရီးယား ၂ နိုင်ငံအကြား တင်းမာမှုများ အထူးသဖြင့် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုကို ဖော်ပြသည့် ကြေညာချက်ကို ထုတ်ပြန်ရန် စဉ်းစား နေကြရာ အခင်း ဖြစ်ပွားမှု အတွက် မြောက်ကိုးရီးယားကို အပြစ်တင်ရန် ရှောင်ရှားသည့် သဘောဟု ဆိုရလိမ့်မည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးလည်း ဟနွိုင်း အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်မည်ဟု မျှော်လင့်ရသဖြင့် ဟနွိုင်း ARF  အစည်းအဝေးသည် တောင်နှင့်မြောက် နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံနိုင်သည့် အစည်းအဝေး အနည်းငယ် အနက်မှ တစ်ခုဖြစ်လာသည်။

ဒေသတွင်း ပိုမို သန်စွမ်း မာကြောသည့် အနေအထားဖြင့် မည်သို့ ရပ်တည်နိုင်မည်ကို စဉ်းစားနေရသည့် အာဆီယံအဖွဲ့ အတွက် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကိုယ်ထင်ပြမှု ကြီးထွားလာခြင်းမှာလည်း နောက်ထပ် ပြဿနာ တစ်ခုပင် ဖြစ်သည်။

အာဆီယံနှင့် ၎င်း၏ ဆွေးနွေးဖက် နိုင်ငံများသည် ယခု သီတင်းပတ်ကုန်တွင် အာဆီယံ ဒေသတွင်း ဖိုရမ် ၂၇ နိုင်ငံ အဖြစ် တွေ့ဆုံကာ လုံခြုံရေး ကိစ္စများကို ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment