Transparency Myanmar

transparency.myanmar@gmail.com

Radioaustralia.net, 28th July 2010

မြန်မာစစ်တပ် ခေါင်းဆောင်များအား နိုင်ငံတော် ခရီးစဉ် အဖြစ် ကြိုဆို ဂုဏ်ပြုခဲ့သည့် အတွက် အိန္ဒိယနိုင်ငံအား နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကြောင့် နိုင်ငံတကာတွင် ပြစ်တင် ရှုတ်ချခြင်း ခံနေရသည့် မြန်မာစစ်ဖက် အစိုးရအား တရားဝင်အောင် ကူညီနေသည်ဟု လည်း ၎င်းတို့က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၅ ရက်ကြာ အိန္ဒိယ ခရီးစဉ်၏ နောက်ဆုံး ခရီးတစ်ထောက် အဖြစ် ဟိုက်ဒရာဘတ်သို့ ရောက်ရှိနေသည်။

ဒေသခံ မြန်မာ အသိုင်းအဝိုင်း အပါအဝင် ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများ အုပ်စုကြီးသည် စစ်ဖက် အစိုးရနှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှုများကို ပြသရန် ဆုံးဖြတ်ခဲ့ကြပြီး မြန်မာအစိုးရ ခေါင်းဆောင်၏ ခရီးစဉ် ကာလအတွင်း နယူးဒေလီတွင် ဆန္ဒပြခဲ့ကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် Human Rights Watch မှ အထက်တန်း သုတေသန အရာရှိ Dave Mathiesonu က "မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ပြန်လည် ထွန်းကားအောင် ပိုမို လုပ်ဆောင်ရေး အတွက် မြန်မာအစိုးရအား စည်းရုံး ဆွဲဆောင်ရန် အိန္ဒိယတွင် တာဝန်ရှိသည်'' ဟု ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံတွင် စစ်မှန်သော ရွေးကောက်ပွဲများ၊ စစ်မှန်သော လူ့အခွင့်အရေး လေးစားမှုများ ဖြစ်ပေါ်စေရန် အတွက် အိန္ဒိယသည် ပြောရေးဆိုခွင့် ထိုက်တန်သော နိုင်ငံ ဖြစ်သော်လည်း ထိုအချက် အပေါ် မျှော်လင့်ထားမှုများ ပျက်ပြားခဲ့ရသည်။ မြန်မာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ကြီးမားသော ချို့ယွင်းချက်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စအပေါ်တွင် အိန္ဒိယနိုင်ငံသည် အလွန့်အလွန် နှုတ်ဆိတ်နေခဲ့သည်'' ဟု ၎င်းက မှတ်ချက်ပေးလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment