Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစု ၃၂ ဦး ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ကရင်လူမျိုး မိသားစု ခြောက်ခုမှ ဒုက္ခသည် ၃၂ ဦး တတိယ နိုင်ငံတွင် အခြေချ နေထိုင်နိုင်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံ၌ ပထမဆုံး နေထိုင်ခွင့် ရမည့် ဒုက္ခသည်များ ဖြစ်လာမည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ ကရင်ဒုက္ခသည် ၃၂ ဦးမှာ ဂျပန်နိုင်ငံသို့ သွားရောက် ရတော့မည် ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ Mera ဒုက္ခသည် စခန်းတွင် ဂျပန်ဘာသာ စကားနှင့် ယဉ်ကျေးမှု လေ့လာရေး ၁ လ သင်တန်း တက်ရောက်နေကြသည်ဟု သိရသည်။

Mera ဒုက္ခသည် စခန်းမှ မြန်မာဒုက္ခသည် အယောက် ၅၀ အနက် အဆိုပါ ၃၂ ဦးက ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ရာ ၎င်းတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒုက္ခသည်များ ပြန်လည် အခြေချ နေထိုင်မှု အစီအစဉ်အရ ဂျပန်အစိုးရက မြန်မာ ဒုက္ခသည် စုစုပေါင်း အယောက် ၉၀ ကို သုံးနှစ် အတွင်း ခေါ်ယူရန် စီစဉ်လျက် ရှိသည်။

ယခု ပြန်လည် နေရာချထားမှု ကိစ္စသာ အဆင်ပြေ ချောမွေ့ခဲ့ပါက ဂျပန်အစိုးရ အနေဖြင့် နောက်ထပ် မြန်မာ ဒုက္ခသည်များကို ဆက်လက် ခေါ်ယူသွားရန် စဉ်းစားမည် ဖြစ်ကြောင်း အစိုးရ အရာရှိများက ဆိုသည်။

ယင်း ကရင် ဒုက္ခသည် ၃၂ ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိပါက တိုကျိုမြို့တော်တွင် ခြောက်လတာမျှ နေထိုင်ပြီး ဂျပန်ဘာသာနှင့် ရိုးရာ အလေ့အထများကို ဆက်လက် လေ့လာ ဆည်းပူးခွင့် ပေးမည်ဟုလည်း ဆိုသည်။

၎င်းတို့ကို ဂျပန်နိုင်ငံ မည်သည့် ပြည်နယ်ဒေသတွင် အပြီးအပိုင် အခြေချ နေထိုင်ခွင့်ပေးမည် ဟူသော အချက်ကို မဆုံးဖြတ်ရသေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

Mera ဒုက္ခသည် စခန်းသည် ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ဒုက္ခသည် စခန်း ဖြစ်ပြီး မြန်မာ နိုင်ငံမှ ဒုက္ခသည် စုစုပေါင်း ငါးသောင်းခန့် ခိုလှုံ နေထိုင်လျက် ရှိသည်။

Kyodo သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment