Transparency Myanmar

transparency.myanmar@gmail.com

Bangkoko Post, 3th August 2010

ထိုင်းအစိုးရက မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမည့် ဘတ်ငွေ ၄.၂ ဘီလျံ တန်ဖိုးရှိ အခြေခံ အဆောက်အဦး စီမံကိန်းများကို မနေ့က အတည်ပြုလိုက်သည်။

ပထမ စီမံကိန်းမှာ နွန်ကိုင်ပြည်နယ် ဘန်သက်သောင်နှင့် လာအို ဆန်သောင်မြို့တော် ဘန်နမ်ဆမ်ကို ဆက်သွယ်မည့် ၂လမ်းသွား R-11 လာအိုလမ်းပိုင်း ဖောက်လုပ်မှု ဖြစ်ပြီး ၅၆ ကီလိုမီတာ ရှည်လျားသည်။ ၎င်းစီမံကိန်းသည် ဘတ်ငွေ ၁.၃၉ ဘီလျံ တန်ဖိုးရှိပြီး ၂၀၁၁ မှ ၂၀၁၄ အတွင်း တည်ဆောက်မည် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ဒုတိယ အတွင်းဝန် သရောဒေါဗိုင်ဝေါင်ဆန်က "နှစ်နိုင်ငံအကြား ခရီးသွား စီးပွားရေး တိုးတက်စေရန် အတွက် ခွန်မြစ်ကြောင်း အတိုင်း လမ်းဖောက်လုပ်မည်" ဟု ပြောကြားသည်။

ဒုတိယ စီမံကိန်းမှာ လာအို သာနာလန်မှ ဗီယက်နမ်သို့ ရထားလမ်း ၇.၅ ကီလိုမီတာ တိုးချဲ့မှုဖြစ်၍ ဘတ်ငွေ ၁.၆၅ ဘီလျံ ကုန်ကျမည် ဖြစ်သည်။ သာနာလန်နှင့် ထိုင်းနိုင်ငံ နွန်ကိုင်ပြည်နယ်မှာ ရထားလမ်း ဆက်သွယ်ထားပြီး ဖြစ်သည်။ အဆိုပါ တိုးချဲ့ဖောက်လုပ်မှုကို ၂၀၁၁ မှ ၂၀၁၄ အတွင်း ပြုလုပ်ရန် စီစဉ်ထားသည်။ ၎င်းစီမံကိန်းသည် နှစ်နိုင်ငံအကြား ခရီးသွား စီးပွားရေး လုပ်ငန်းနှင့် ပို့ဆောင်ရေး လုပ်ငန်းကို အကျိုး ဖြစ်ထွန်းစေလိမ့်မည် ဖြစ်သည်။

အထက်ပါ စီမံကိန်းများအတွက် လိုအပ်သော ငွေပမာဏ၏ ၃၀% ကို ထိုင်းအစိုးရက ကျခံရန် အာမခံ၍ ကျန်ငွေများကို နှစ်စဉ် အတိုးနှုန်း ၁.၅% ဖြင့် နှစ် ၃၀ သက်ညှာချေးငွေ အဖြစ် ထုတ်ပေးမည်ဟု သရောဒေါက ပြောကြားသည်။

ဆက်စပ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အနေဖြင့် ဒုတိယ ဝန်ကြီးချုပ် ထရိုင်ရောင် စူဝမ်စီရိ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေး ကော်မတီက လက်ရှိ မြဝတီ-တနင်္သာရီ ၁၈ ကီလိုမီတာ လမ်းကြော အဆင့်မြှင့်ခြင်း၊ တနင်္သာရီ - ကော့ကရိတ် ၂၈.၆ ကီလိုမီတာ လမ်းသစ်ဖောက်လုပ်ခြင်း တို့အတွက် ဘတ်ငွေ ၁.၁၆ ဘီလျံ အကုန်အကျခံရန် မနေ့က သဘောတူခဲ့သည်။ အဆိုပါ စီမံကိန်းများကို ၂၀၁၁ မှ ၂၀၁၃ အတွင်း ဆောင်ရွက်မည် ဖြစ်သည်။

ယခု စီမံကိန်းသည် ထိုင်းနှင့်မြန်မာ အကြား နယ်စပ် ကုန်သွယ်ရေးကို အားဖြည့်မည် ဖြစ်ပြီး အထူးသဖြင့် ယခင်နှစ်က ဘတ်ငွေ ၂၅ ဘီလျံ ရရှိခဲ့သော မဲဆောက် နယ်စပ် စစ်ဆေးရေးဂိတ် မှတဆင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment