Transparency Myanmar

transparency.myanmar@gmail.com

ကျူးဘားနိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ ရှိသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ပါလီမန် လွှတ်တော် ညီလာခံကို သမ္မတ ရာအူးကက်စထရို ရှေ့မောက်တွင် ပြုလုပ်ခဲ့ကြောင်း မြို့တော် ဟာဗားနားက လာသော သတင်းများက ဆိုသည်။

အဆိုပါ ပါလီမန် ဆွေးနွေးပွဲသို့ ယခုအခါ အသက်-၈၀ ရှိပြီ ဖြစ်သော ကျူးဘား ခေါင်းဆောင်ကြီး ကက်စထရို တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ဆွေးနွေးပွဲတွင် ကက်စထရိုကြီး၏ တပည့် လက်ထောက် ၆၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ကျန်းမာရေး ချို့ယွင်းနေသော ခေါင်းဆောင်ကြီး ကက်စထရိုသည် နှစ်နှစ်အတွင်း အများပြည်သူ ရှေ့မှောက်သို့ ရှစ်ကြိမ်သာ ထွက်ပြခဲ့သည်။ ယခု ဆွေးနွေးပွဲကို ကျူးဘားအစိုးရက အမျိုးသား ညီလာခံဟုလည်း ခေါ်ဆိုသည်။

ညီလာခံတွင် ကျူးဘား စီးပွားရေး အခွင့်အလမ်းအတွက် လုပ်ဆောင်နိုင်မည့် ကိစ္စများ၊ ကုန်ထုတ်လုပ်မှု ကျဆင်းနေမှုများ၊ ဗျူရိုကရေစီ ယန္တရားနှင့် အဂတိ လိုက်စားမှုများ အစရှိသည် တို့ကို ဆွေးနွေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပျက်ကပ်၊ ရာသီဥတု ပျက်ကပ်နှင့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ကိစ္စကို ပြစ်တင် ဝေဖန်ခဲ့သည်ဟု သိရသည်။

ကျူးဘားနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သော ကော်ဖီနှင့်သကြား ထုတ်လုပ်မှုမှာ လတ်တလော ကာလတွင် သိသိသာသာ ကျဆင်းလျက် ရှိသည်။ ကက်စထရို၏ ညီဖြစ်သူ ရာအူး ကက်စထရို သမ္မတအဖြစ် အစားထိုး ဝင်ရောက်လာခဲ့စဉ်က ကျူးဘား ကွန်မြူနစ် နိုင်ငံအတွက် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိကဝတ် ပြုခဲ့သည်။

Monstersandcritics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment