Transparency Myanmar

transparency.myanmar@gmail.com

Thai-ASEAN News Networks, 3rd August 2010

မြန်မာနိုင်ငံမှ နယ်စပ်ကို ပိတ်ထားခြင်းသည် ထိုင်းနိုင်ငံအား နယ်စပ် ကုန်သွယ်ရေးမှ ဘတ်ငွေ (၁) ဘီလျံ နစ်နာစေသည်ဟု မဲဆောက် အကောက်ခွန်ရုံးက ခန့်မှန်းခဲ့သည်။

ယခုအခါ ရေတိုက်စားသော နံရံများ ဆောက်လုပ်ရေး အတွက် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူခွင့် ပြုရန် မြန်မာဖက်မှ သဘောတူခဲ့ပြီဟု ဆိုသည်။

သံချောင်းများနှင့် ဘိလပ်မြေများ ပါဝင်သော ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်ထားသော ကားအစီး (၂၀) ကျော်အား မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအား ဖြတ်၍ မြဝတီသို့ ဝင်ခွင့် ပြုခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဆောက်လုပ်ရေး ပစ္စည်းများကို ရေတိုက်စားသွားသော မြန်မာဖက်မှ သောင်ရင်းမြစ် နံရံများ ဆောက်လုပ်ရေး အတွက် အသုံးပြုမည် ဖြစ်သည်။

ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး အကူအညီမှာ မြန်မာဖက်မှ ရေတိုက်စားသွားသည့် သောင်ရင်းမြစ် နံရံအား ထိုင်းနိုင်ငံနှင့် တပြိုင်တည်း ထိန်းသိမ်းမှု လုပ်ငန်းများ ပြီးစီးရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန် ဖြစ်သည်။

အငြင်းပွားမှုကြောင့် မြန်မာဖက်မှ နယ်စပ်ကို သုံးပတ်ခန့် ပိတ်ထားခဲ့ပြီး ယခုအခါ အများက မြန်မာနိုင်ငံ အနေဖြင့် နှစ်ရက် သုံးရက်အတွင်း နယ်စပ်ကို ပြန်ဖွင့်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ကုန်သည်များကလည်း အရောင်းအဝယ် ပြန်လုပ်နိုင်ရေး အတွက် ကုန်ပစ္စည်းများ ပြင်ဆင်နေကြပြီ ဖြစ်သည်။

 ဇူလိုင် (၁၈) ရက်မှ စ၍ နယ်စပ်ကို ပိတ်ထားခြင်းကြောင့် ထိုင်းနိုင်ငံ အနေဖြင့် နယ်စပ် ကုန်သွယ်ရေးမှ ခန့်မှန်းခြေ ဘတ်ငွေ (၁) ဘီလျံ ဆုံးရှုံးကြောင်း မဲဆောက် အကောက်ခွန် အရာရှိ Pimkarn Lorsiripaibul က ပြောသည်။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် မြန်မာ အလုပ်သမားများမှာလည်း တရားမဝင် နယ်စပ်ကို ဖြတ်နေကြရသည်။

နယ်စပ်ကို ပိတ်ထားခြင်းကြောင့် မြန်မာနိုင်ငံ၊ အထူးသဖြင့် မြဝတီတွင် လူသုံးကုန်များ သိသိသာသာ ဈေးတက်လာသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment