Transparency Myanmar

transparency.myanmar@gmail.com

BBC News, 9th August 2010

တရုတ် Everbright ဘဏ်က စတော့ ဈေးကွက်အတွင်း အစုရှယ်ယာ ရောင်းချမှုကို ယွမ်ငွေ ၂၁.၇ ဘီလျံ (ဒေါ်လာ ၃.၂ ဘီလျံ) သို့ မြှင့်တင်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ လူထုထံ ကနဦး ရှယ်ယာ ရောင်းချမှု (IPO) သည် ယခုနှစ်အတွက် တရုတ် ပြည်မတွင် ဒုတိယ အကြီးဆုံး ဖြစ်လာဖွယ် ရှိသည်။

ယခင်လက ရှန်ဟိုင်းနှင့် ဟောင်ကောင်တွင် တရုတ်လယ်ယာ စိုက်ပျိုးရေးဘဏ်က ရှယ်ယာ ရောင်းချမှုကို ခန့်မှန်းခြေ ဒေါ်လာ ၁၇ ဘီလျံ အထိ မြှင့်တင်ခဲ့သည်။

အလယ်အလတ် ငွေချေးလုပ်ငန်း Everbright ဘဏ်က "ရှယ်ယာများ ရောင်းချရန် ပြင်းထန်စွာ တောင်းဆိုမှုများ ရှိခဲ့ပြီး ရင်းနှီး မြှုပ်နှံသူ အဖွဲ့အစည်းများအား ထည့်ဝင်ငွေ ကျော်လွန် တောင်းခံမှု ၁၇ ကြိမ် အထိ ရှိခဲ့သည်'' ဟု ပြောကြားခဲ့သည်။

၎င်း၏ နောက်ဆုံးရှယ်ယာ ရောင်းချမှု IPO ဈေးနှုန်းများကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုနိုင်မည် ဖြစ်သော်လည်း ရှယ်ယာ တစ်ယူနစ်လျှင် ၂.၈၅ ယွမ်မှ ၃.၁၀ ယွမ်အကြား သတ်မှတ်ထားသည်ဟု ဟိုင်းစတော့ အိပ်ချိန်းမှ ရရှိသော အထောက်အထားများ အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment