Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား ကက်ဘိနက်အဖွဲ့ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် သမ္မတ လီမြောင်ဘတ်က ကင်တေးဟိုကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက သြဂုတ်လ ၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယား ဝန်ကြီးချုပ်အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရသူ အင်တေးဟိုမှာ ယခင်က ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ကက်ဘိနက်အဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရာတွင် ဝန်ကြီး ခုနစ်ဦးနှင့် ဝန်ကြီးအဆင့်ရှိသူ အရာရှိ နှစ်ဦးတို့ကို နေရာ ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း Yonhap သတင်းဌာနက ဆိုသည်။

မစ္စတာ ကင်တေးဟိုသည်သည် အသက် ၄၇ နှစ်အရွယ် ရှိသည့်အတွက် နှစ်ပေါင်း ၄၀ တာ ကာလအတွင်း ပထမဆုံးသော အသက် ၅၀ အောက် ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ မစ္စတာ ကင်တေးဟိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့် ကိစ္စကို အမျိုးသား ညီလာခံက ကြားနာ အတည်ပြုမည် ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ချောင်အန်ချန်းသည် ဆိုးလ်မြို့တော် အပြင်ဘက်သို့ အစိုးရရုံးများ ပြောင်းရွှေ့သည့် ကိစ္စ ရပ်တန့်ရေးအတွက် ပါလီမန်၏ ခွင့်ပြုချက် ရယူပေးရန် ကြိုးစားရာတွင် အောင်မြင်မှု မရရှိခဲ့သောကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ အဆိုပါ ကိစ္စသည် သမ္မတ လီမြောင်ဘတ် အစိုးရအဖွဲ့အတွက် ကြီးမားသော အနှောင့်အယှက် တစ်ခု ဖြစ်ခဲ့ပြီး သူ၏ နိုင်ငံရေးပါတီ ပါလီမန်တွင် သြဇာအာဏာ လွှမ်းမိုးမှု ကျဆင်းနေသည် ဟူသော အချက်ကို ဖော်ကျူးရာလည်း ရောက်ခဲ့သည်။

သမ္မတ လီမြောင်ဘတ်၏ Grand National Party သည် လတ်တလော ကျင်းပသော ပြည်နယ် ရွေးကောက်ပွဲများ၌ ရှုံးနိမ့်ခဲ့သည်။ နိုင်ငံရေး လေ့လာ ခွဲခြမ်းသူများက အဆိုပါ ရွေးကောက်ပွဲများသည် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအပေါ် လီမြောင်ဘတ် အစိုးရ၏ တုံ့ပြန် ဖြေရှင်းမှုနှင့် ပတ်သက်သော ပြည်သူ့ဆန္ဒ သဘောထား ကောက်ခံမှုတစ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြသည်။

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘောသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် တောင်နှင့်မြောက် ကိုရီးယားအကြား တင်းမာမှုများ လွန်စွာ မြင့်တက်ခဲ့သည်။ တောင်ကိုရီးယား ဦးဆောင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ချိုနန် နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်ခံရ၍ ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့သော်လည်း ပြုံးယမ်း ကွန်မြူနစ် အစိုးရက မဟုတ်မမှန်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းပယ်ထားသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment