Transparency Myanmar

transparency.myanmar@gmail.com

englishnews@chosun.com, 16th August 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ဆင်းရဲ မွဲတေနေသော တိုင်းပြည်တွင် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှု တို့ကြောင့် ဒုက္ခရောက် နေရာ စီးပွားရေးကို ဦးစားပေး လုပ်ဆောင်နေကြောင်း၊ သူ၏ နေရာတွင်ပင် ချက်ချင်း လမ်းညွှန်မှု ပေးသော ခရီးစဉ်များ အပေါ် သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကင်သည် ယခုနှစ် နှစ်ဝက် အတွင်း အဆိုပါ ခရီးစဉ် ၇၇ ခု သွားရောက်ခဲ့ပြီး ဖြစ်ရာ ယမန်နှစ် ကလည်း ထိုအရေအတွက်ခန့် ခရီးသွားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် ၃၃ ခုသည် စီးပွားရေးနှင့် သက်ဆိုင်သည်ဟု ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ သုံးသပ်ချက်အရ သိရှိရသည်။ ယမန်နှစ်က စီးပွားရေး လုပ်ငန်း ခရီးစဉ် ၂၇ ခု ထွက်ခဲ့သည်။ ယမန်နှစ်က စစ်တပ် ဆိုင်ရာ ခရီးစဉ် ၂၁ ခု ထွက်ခဲ့သည်။

ကင်ဂျုံအီနှင့် အမြဲတမ်း လိုက်ပါသော အကြီးတန်း အရာရှိမှ ၎င်း၏ နှမ ဖြစ်သူ အလုပ်သမား ပါတီ၏ အပေါ့စား စက်မှုဌာနမှ အကြီးအကဲ Kim Kyong-hee ဖြစ်ပြီး ၅၆ ကြိမ် လိုက်ပါခဲ့သည်။ သူမနှင့်အတူ အမျိုးသား ကာကွယ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ Jang Song-taek (၄၅ ကြိမ်)၊ ပါတီ ဗဟို ကော်မတီ အတွင်းရေးမှူး Kim Ki-nam (အကြိမ် ၄၀) နှင့် ပါတီ အတွင်းရေးမှူး Choe Thae-bok တို့လည်း လိုက်ပါကြသည်။

Kim Kyong-hee မှာ ယမန်နှစ်က ကင်ဂျုံအီကို အကူအညီ ပေးသော ထိပ်တန်း ပုဂ္ဂိုလ် ၁၀ ဦးတွင် မပါဝင်ပေ။ ကင်ဂျုံအီက စီးပွားရေးကို ဦးစားပေး လုပ်ဆောင်သည့် အချိန်မှသာ သူမ၏ ကဏ္ဍမှာ တိုးတက်လာသည်ဟု ဆိုရမည် ဖြစ်သည်ဟု တောင်ကိုရီးယား လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြောက်ကိုရီးယား မီဒီယာသည် Stakhanovite အောင်မြင်မှု ပုံပြင်များကို နေ့တိုင်း ထုတ်လွှင့်သည်။ ကိုရီးယား ဗဟို အသံလွှင့် ဌာနသည် ပါဝါ ထုတ်လုပ်မှုကို ယခုနှစ် ပထမနှစ်ဝက်တွင် ထုတ်လွှင့်မှုမှာ ယမန်နှစ် ယခုလို အချိန်ကထက် ၁.၂ ဆ ပို၍ များသည်။ KCNA ကလည်း အချို့ စက်ရုံများသည် မျှော်မှန်းသည်ထက် ပိုမို ထုတ်လုပ်နေသည်ဟု ဆိုသည်။

"မြောက်ကိုရီးယားသည် မကြာခဏ အံ့သြစရာ ကောင်းလောက်အောင် မတူတဲ့ အစွန်း နှစ်ဖက် အယူအဆတွေနဲ့ စီးပွားရေး ပြဿနာတွေကို ရည်ညွှန်းလေ့ ရှိပါတယ်" ဟု chungang တက္ကသိုလ်မှ ပါမောက္ခ Kim Young-soo က ပြောသည်။ "ဒါပေမယ့် ကင်ဂျုံအီကတော့ ပြဿနာများကို မိမိကိုယ်ကို အားကိုးပြီး ဖြေရှင်းရန်သာ လက်ကိုင်ထားပါတယ်" ဟု ဆိုသည်။ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ခန့်မှန်းရာတွင် မြောက်ပိုင်းတွင် ရာသီဥတု အေးခြင်းကြောင့် အစာရေစာ ပြတ်လပ်မှု ဖြစ်ပေါ်ကြောင်းနှင့် ယမန်နှစ်က မှားယွင်းသော ငွေကြေး ပြုပြင် ပြောင်းလဲမှုကြောင့် မငြိမ်မသက်မှုများသည် ပြည်သူများ ကြားတွင် ယုံကြည်မှု မရှိအောင် ပိုလုပ်သလို ဖြစ်ရကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment