Transparency Myanmar

transparency.myanmar@gmail.com

AFP, 17th August 2010

မြန်မာနိုင်ငံတွင် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဖိနှိပ်မှု များသော အခြေအနေတွင် ကျင်းပမည်ကို ကနေဒါ နိုင်ငံ အနေဖြင့် လွန်စွာ စိုးရိမ်မိကြောင်း နိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon က တနင်္လာနေ့က ပြောကြားခဲ့သည်။

"ကနေဒါ နိုင်ငံ အနေနဲ့ မြန်မာ အစိုးရက ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုလို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဖိနှိပ်မှုများတဲ့ အခြေအနေမှာ ကျင်းပပေးမှာ ကိုတော့ အလွန်အမင်း စိုးရိမ်ပါတယ်။ နိုင်ငံတကာ စံတွေနဲ့ မကိုက်ညီမှာကိုလည်း စိုးရိမ်ပါတယ်" ဟု Cannon က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"မြန်မာ ပြည်သူတွေဟာ ခြိမ်းခြောက်မှုနဲ့ ရက်စက်မှုတွေကို မကြောက်ရဘဲ သူတို့ အသံကို သူတို့ ပြန်ကြားနိုင်ဖို့ ထိုက်တန်ပါတယ်" ဟု ၎င်းက ဆိုသည်။

"မြန်မာ အစိုးရဟာ သူကတိပြုထားတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ အချက်ကို ထိန်းသိမ်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေနဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေ အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့၊ လုပ်ငန်းစဉ်မှာ ဒီမိုကရေစီအရ အပြည့်အဝ ပါဝင် ခွင့်ပြုရေးကို တောင်းဆိုပါတယ်" ဟု ဖော်ပြထားသည်။

မြန်မာ အစိုးက ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု သောကြာနေ့က ကြေညာခဲ့ရာ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက် မတိုင်မီ တစ်ပတ် အလိုတွင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် အတွင်း အချိန် အတော်များများ ထိန်းသိမ်းခံနေရပြီး၊ အစိုးရ အပေါ် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ပြုနိုင်နေဆဲ ဖြစ်သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment