Transparency Myanmar

transparency.myanmar@gmail.com

Reuters, 16th August 2010

Barclays Bank Plc ဘဏ်လုပ်ငန်းသည် အမေရိကန် အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်ကာ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့နှင့် ဆက်ဆံခဲ့ခြင်း အပေါ် တရားစွဲဆို ခံနေရခြင်းကို အဆုံးသတ်ရန် အတွက် အမေရိကန် ဒေါ်လာ ၂၉၈ သန်း (ပေါင်သန်း ၁၉၀) ပေးဆောင်ရန် သဘောတူ ခဲ့သည်ဟု တနင်္လာနေ့က ရရှိသော အမေရိကန် တရားရုံး အထောက်အထား များအရ သိရှိရသည်။

လန်ဒန် အခြေစိုက် ဘဏ်လုပ်ငန်းသည် ၁၉၉၅ မှ ၂၀၀၆ စက်တင်ဘာအထိ ဒေါ်လာ သန်း ၅၀၀ ခန့် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ အရေးပေါ် စီးပွားရေး အာဏာများ အက်ဥပဒေနှင့် ရန်သူနှင့် ကုန်သွယ်မှု အက်ဥပဒေတို့ကို ချိုးဖောက်မှုဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်ဟု အထောက်အထားများ အရ သိရသည်။

ဘာကလေဘဏ်နှင့် အမေရိကန် အမှုလိုက် အရာရှိများက ၂၄ လ သက်တမ်း ရှိသည့် ဆိုင်းငံ့ ပြစ်ဒဏ် သဘောတူညီချက်ကို တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီမှုကို ပြည်ထောင်စု တရားရုံးက အတည်ပြုရဦးမည် ဖြစ်သည်။

ဘာကလေဘဏ်က အမေရိကန် အာဏာပိုင်များထံ "တားမြစ်ထားသော စီးပွားရေး ဆက်ဆံမှု" အချို့ကို ဆန္ဒအလျောက် ထုတ်ဖော်ခဲ့ပြီး အပြည့်အဝ ပူးပေါင်းရန် သဘောတူ ခဲ့သည်ဟုလည်း သိရှိရသည်။

ဘာကလေဘဏ်က ၎င်း၏ လုပ်ဆောင်မှုများ အတွက် တာဝန်ရှိကြောင်းကို လက်ခံ အသိအမှတ် ပြုခဲ့သည်ဟုလည်း သိရသည်။

ဘာကလေဘဏ်က အမေရိကန် အစိုးရထံ ဒေါ်လာ ၁၄၉ သန်း ပေးဆောင်ရန် သဘောတူခဲ့ပြီး ကျန် ဒေါ်လာ ၁၄၆ သန်းကိုမူ နယူးယောက် ခရိုင် ရှေ့နေရုံးနှင့် ဆိုင်းငံ့ ပြစ်ဒဏ် သဘော တူညီချက်အရ သီးခြား ပေးဆောင်ရမည်ဟု ရရှိသော အထောက်အထားများအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment