Transparency Myanmar

transparency.myanmar@gmail.com

Arirang News, 23 August 2010

မြောက်ကိုးရီးယား နိုင်ငံသည် ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲများမှ ဆွေနွေးဖက် နိုင်ငံများနှင့် တရားဝင် ဆွေးနွေးမှု ပြန်လည် မစတင်မီ အလွတ်သဘော ဆွေးနွေးရန် သဘော တူညီခဲ့ပုံ ရသည်။

တရုတ်နိုင်ငံ၏ ထိပ်ပိုင်း နျူကလီယာ ကိုယ်စားလှယ် ရူဒါဝေ ယခုအပတ် အစောပိုင်းက မြောက်ကိုးရီးယားသို့ ရောက်ရှိစဉ် ပြုံးယမ်းက နျူကလီယာ ဆွေးနွေးပွဲ အကြို ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုလားသည်ဟု ပြောကြားခဲ့ကြောင်း ဂျပန် မိုင်နီချိရှင်ဘွန်း သတင်းစာက ဖော်ပြသည်။

ဘေဂျင်းတွင် ဂျပန် အတိုက်အခံ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ရူဒါဝေက "မြောက်ကိုးရီးယားသည် ရှေးဦးစွာ အမေရိကန် ပြည်ထောင်စုနှင့် သီးသန့်ရန်နှင့် ထို့နောက်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထိပ်တန်း ကိုယ်စားလှယ်များနှင့် အလွတ်သဘော ဆွေးနွေးရန် သဘောတူခဲ့သည်'' ဟု ပြောကြားသည်။

ရူဒါဝေသည် အထက်ပါ ကိစ္စကို အသေးစိတ် ဆွေးနွေးရန် ဆိုးလ်နှင့် တိုကျိုသို့ မကြာမီ သွားရောက်မည်ဟု ဂျပန် သတင်းစာတွင် ဖော်ပြထားသော်လည်း အဆိုပါ ခရီးစဉ် စီစဉ်ထားမှုကို မသိရှိကြောင်း တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment