Transparency Myanmar

transparency.myanmar@gmail.com

မဏိပူရ ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ ဆန်မက်ထရစ် တန်ချိန် ၃၀၀၀၀ တင်သွင်းရန် အိန္ဒိယ အစိုးရ၊ စားသုံးသူ ပြည်သူ့ရေးရာ၊ အစားအသောက်နှင့် ဖြန့်ဝေရေး ဝန်ကြီးဌာနက မဏိပူရ စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (MANIDCO) ကို ခြွင်းချက်မရှိ ဝယ်ယူခွင့် လက်မှတ် 'No Objection Certificate' ထုတ်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် ထုတ်ပေးမှုကို အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ ၂၀၀၉-၁၄ အရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

MANIDCO မှ အမှုဆောင် ဒါရိုက်တာက ထုတ်ပြန်သော ကြေညာချက်အရ မဏိပူရပြည်နယ် စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဌာနက နိုင်ငံခြား ကုန်သွယ်မှု ဌာနကို အဆို တင်သွင်းခဲ့ကြောင်း၊ အကောက်ခွန် ကြေညာချက် အမှတ် နံပါတ် -၁၁၈/၂၀၀၉ နှင့်အညီ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၀၀၀၀ တင်သွင်းခွင့် ပါမစ် ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ယခု တင်သွင်းခွင့် ပြုသည့် ဆန်ပမာဏမှာ အလွန်ပင် များပြားပြီး အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားသည့် ကန့်သတ်အချိန် ကာလလေးအတွင်း အပြီးသတ် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ MANIDCO မှ ဦးဆောင် ညွှန်ကြားရေးမှူးက မဏိပူရ ပြည်နယ်မှ စိတ်ဝင်စားမှု ရှိသော ဆန်လုပ်ငန်းရှင်များ အနေဖြင့် တင်သွင်းခွင့် လျှောက်လွှာ တင်နိုင်သည်ဟု ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်လုပ်ငန်းများနှင့် အဆက်အသွယ် ရှိပြီး ဆန်တင်သွင်းလိုသော မဏိပူရ စီးပွားရေး လုပ်ငန်းများ အနေဖြင့် MANIDCO မှတစ်ဆင့် ဆန်တင်သွင်းရမည် ဖြစ်ပြီး စပေါ်ငွေ ထားရှိရန် လိုအပ်သည်။

အဆိုပါငွေများကို ဆန်ဝယ်ယူမည့် နိုင်ငံမှ လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို MANIDCO ရုံး၊ ကုန်သွယ်မှု ဌာနသို့ ဆက်သွယ် ရယူနိုင်ကြောင်း သိရသည်။

Kanglaoline.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment