Transparency Myanmar

transparency.myanmar@gmail.com

Xinhua, 24th August 2010

မြန်မာ အာဏာပိုင်များသည် ၂၀၀၉ စက်တင်ဘာမှ ၂၀၁၀ သြဂုတ်လအထိ ကျရောက်သော ၂၀၀၉-၂၀၁၀ ဘိန်းစိုက် ရာသီတွင် နိုင်ငံအတွင်း တရားမဝင် ဘိန်းစိုက်ပျိုး ဧက စုစုပေါင်း ၈၂၅၆ ဟက်တာကို ဖျက်ဆီးခဲ့ကြသည်ဟု နိုင်ငံပိုင် သတင်းစာက အင်္ဂါနေ့တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ စာရင်းတွင် ရှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ယခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဖျက်ဆီးခဲ့သော ၁.၂၁ ဟက်တာလည်း ပါဝင်သည်ဟု သိရသည်။

ယခင်နှစ် ဘိန်းစိုက်ရာသီ အတွင်း နိုင်ငံအနှံ့ ဘိန်းစိုက် ဧရိယာ ၈၁၃၈ ဟက်တာကို ရှင်းလင်းခဲ့ပြီး ဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာလ အတွင်းကလည်း ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံတွင် အမေရိကန် ဒေါ်လာ ၉၃သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သော မူးယစ်ဆေးများတွင် စိတ်ကြွဆေးပြား ၆.၉၉ သန်း၊ ဟီးရိုးအင်း ၈၁၉ ကီလိုဂရမ်၊ ဘိန်း ၁၅၆ ကီလိုဂရမ်နှင့် ice ၁၈ ကီလိုဂရမ်တို့ ပါဝင်သည်။

ထို့အပြင် မြန်မာ အာဏာပိုင်များက ယခုနှစ် ဇွန်လအတွင်း မူးယစ်ဆေးဝါး ဆက်စပ်အမှု ၁၈၉ မှုကို ဖော်ထုတ်နိုင်ကာ အမျိုးသမီး ၇၃ ဦး အပါအဝင် တရားခံ ၃၁၇ ဦးကို အပြစ် ပေးခဲ့သည် ဟုလည်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ဆက်စပ် မှုခင်းများတွင် စိတ်ကြွဆေးပြား အမှုများက ၅၈ မှုဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဟီးရိုးအင်း ၄၆ မှု၊ ဘိန်း ၃၄ မှု၊ ဆေးခြောက် ၁၃ မှု တို့ ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ လအတွင်း ဘိန်း ၂၃.၃ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁.၁ ကီလိုဂရမ်၊ ဆေးခြောက် ၂.၈ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၁၇၆၅၀၂ ပြားကို အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ဖယ်ရှားရန်အတွက် ၅ နှစ် အဆင့် ၃ ဆင့် ပါဝင်သည့် ၁၅ နှစ် စီမံကိန်း (၁၉၉၉-၂၀၁၄) ကို အကောင်အထည် ဖော်လျက် ရှိရာ ယခုအခါ နောက်ဆုံး ငါးနှစ် စီမံချက် အဆင့်သို့ ဝင်ရောက်လာခဲ့ပြီဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment