Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေဖြင့် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် ခန့်အပ်မည့် ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း စီနီယာ ဆီနိတ်တာ တစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရန် ပျက်ကွက်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၏ အရှေ့တောင်အာရှ ဒေသနှင့် ဆက်ဆံရေး တိုးမြင့်ရန် ကြိုးပမ်း လုပ်ကိုင်မှုများကို နှောင့်နှေးစေသည်ဟု ဆီနိတ်တာ Richard Lugar က ပြောဆိုသည်။

အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရာထူး ခန့်အပ်ထားမည့် ကိစ္စကို ယခု နှစ်ကုန်ပိုင်း (လာမည့် ၂၀၁၁ ခုနှစ်မတိုင်ခင်) အချိန်ကာလ အတွင်း အကောင်အထည် မဖော်ပါက လာမည့်လများ အတွင်း ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ အမေရိကန် သံအမတ် တက်ရောက်မှု ပျက်ကွက်မည် ဖြစ်သည်ဟု နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှ ရီပတ်ဘလီကန် ဆီနိတ်တာ Richard Lugar က ဆိုသည်။

ယခင် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူက စစ်ပြန်တစ်ဦး ဖြစ်သူ Scot Marciel အား အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ၂၀၀၈ ခုနှစ်တွင် ရွေးချယ် ခန့်အပ်ခဲ့သည်။ သို့သော် သမ္မတ အိုဘားမားက မစ္စတာ Scot Marciel အား အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ရန် မကြာသေးခင်က စီစဉ်ခဲ့သည်။ မစ္စတာ Scot အား အဆိုပါ ရာထူးပေးသည့် ကိစ္စမှာ အမေရိကန် အစိုးရအဖွဲ့အတွက် လွန်စွာ အရေးကြီးသည့် အလုပ်တစ်ခု ဖြစ်သည်။

"အာဆီယံ ဆိုင်ရာ ပထမဆုံး အမေရိကန် သံအမတ်ကြီး ရှိခဲ့သော်လည်း ၎င်းနေရာကို ဆက်ခံမည့်သူ ရွေးချယ်သည့်ကိစ္စ နှောင့်နှေးနေသည်မှာ ကံမကောင်း အကြောင်းမလှမှု တစ်ခု ဖြစ်သည်။ သမ္မတကြီး အနေဖြင့် ယင်းကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ကျွန်တော် တိုက်တွန်းလိုက်ပါသည်" ဟု မစ္စတာ Richard Lugar က အိုဘားမားထံ ပေးသော စာတွင် ရေးသား ဖော်ပြသည်။

အဖွဲ့ဝင် ဆယ်နိုင်ငံ ပါသော အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် အမေရိကန် ပြည်ထောင်စုအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက် တစ်ခု ဖြစ်သည်ဟု ၎င်းက စာထဲတွင် ထောက်ပြ ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment