Transparency Myanmar

transparency.myanmar@gmail.com

Indo-Asian News Service, 26th August

အိန္ဒိယနိုင်ငံက ၎င်း၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ်မရှိဟု ယုံကြည်ထားသော်လည်း နျူကလီယာ လက်နက်များ အိမ်နီးချင်းနိုင်ငံတွင် ရှိနေခြင်းသည် စိုးရိမ်စရာ ကိစ္စဖြစ်သည့် အားလျော်စွာ အနီးကပ် စောင့်ကြည့်နေသည်ဟု ပြည်ပရေးရာ ဝန်ကြီး Mr SM Krishna က ယနေ့ ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံက လျှို့ဝှက်ထားတဲ့ နျူကလီယာ အစီအစဉ် မရှိပါဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်၊ အိန္ဒိယ အစိုးရကလည်း ဒါကို ယုံကြည်ဖို့ ရှိပါတယ်" ဟု Mr Krishna က Rajya Sabha တွင် နောက်ဆက်တွဲ ပြန်ကြားရာ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဝန်ကြီးက "ထောက်လှမ်းရေး ကွန်ယက်များ မှတဆင့် သတင်း အချက်အလက်များ စုဆောင်းနေသည်'' ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့က တစ်ဆင့် ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သတင်း စုဆောင်းမှာပါ၊ ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့အတွက် အစိုးရက အမြဲတမ်း အနီးကပ် စောင့်ကြည့်နေပါတယ်" ဟု ဝန်ကြီးက ဆိုသည်။

အိမ်နီးချင်း တိုင်းပြည်များ၌ နျူကလီယာ လက်နက် ရှိနေခြင်းသည် စိုးရိမ်စရာ ကိစ္စတစ်ရပ် ဖြစ်သည့်အတွက် အဆိုပါ အနေအထားကို အိန္ဒိယ ထောက်လှမ်းရေးက အထူး သတိထား စောင့်ကြည့် နေခဲ့သည်ဟုလည်း သိရှိရသည်။

"ပါကစ္စတန်မှာ နျူကလီယာ လက်နက် ရှိတယ်၊ တရုတ်မှာလည်း ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ လစ်ဗျားနဲ့ အလားတူ အခြား နိုင်ငံတွေက လုပ်ဆောင်နေတဲ့ နျူကလီယာ တိတ်တဆိတ် ပြန့်ပွားရေး ကြိုးပမ်းမှုတွေကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်၊ ဒါ့အပြင် AQ Kahan ကွန်ယက်က အရမ်း တက်ကြွ လှုပ်ရှားနေတာကိုလည်း သိနေပါတယ်၊ ကျွန်တော်တို့ အစိုးရက လက်ရှိ အနေအထားကို စောင့်ကြည့် လေ့လာနေသလို အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအပေါ် အန္တရာယ် မကျရောက်အောင်လည်း ဆောင်ရွက်လျက် ရှိပါတယ်" ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

၁၉၆၂ မှစ၍ စစ်ဖက်က အုပ်ချုပ်လျက် ရှိသော မြန်မာနိုင်ငံမှ လက်ရှိ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြီးခဲ့သော ဇူလိုင်လက အိန္ဒိယသို့ လာရောက် လည်ပတ်စဉ် စွမ်းအင်ကိစ္စနှင့် နယ်စပ် လုံခြုံရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment