Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 4th Sept 2010

မြောက်ကိုးရီးယားသည် နှစ်ပေါင်း သုံးဆယ်အတွင်း အကြီးဆုံးသော နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိပြီး ကင်ဂျုံအီသည် ၎င်း၏ သားအား အလုပ်သမား ပါတီတွင် အဓိက နေရာ တစ်ခုတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် လျှို့ဝှက်သော အဆိုပါ ကွန်မြူနစ် တိုင်းပြည်တွင် နေရာ ဆက်ခံမှုအတွက် ထင်ရှားသော လက္ခဏာ ပြသခြင်း မရှိသေးပေ။

ယခု အစည်းအဝေးသည် ၁၉၈၀ ခုနှစ်က မှတ်တိုင် ဖြစ်ခဲ့သော ကင်ဂျုံအီသည် ၎င်းဖခင်ထံမှ အာဏာ ဆက်ခံမည့်သူ ဖြစ်ကြောင်း သေချာစေခဲ့သော ကွန်ဂရက် အပြီးတွင် ပထမဆုံး ပါတီ၏ စုဝေးမှုကြီး တစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ယခု အပတ်တွင် ရာဇဝင်ဘီး တစ်ပတ် ပြန်လည်တော့မည် ဖြစ်သည်။ ယခုအခါ အသက် ၆၈ နှစ် ရှိပြီ ဖြစ်ပြီး ကျန်းမာရေးလည်း သိပ်မကောင်းဟု ယူဆရသော ကင်ဂျုံအီသည် ၎င်း၏ အငယ်ဆုံးသားအား ပါတီ၏ အဓိက နေရာတွင် ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ အစောပိုင်းတွင် ကျင်းပရန် လျာထားသော်လည်း ကျင်းပမည့်ရက် အတိအကျကို ကြေညာခြင်း မရှိသေးပေ။ ဝေဖန်သူများကမူ တနင်္လာနေ့တွင် စတင်နိုင်သည်ဟု ပြောခဲ့သည်။ ဒေသဆိုင်ရာ ပါတီ တာဝန်ခံများသည် ကွန်ဖရင့် တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ရေးဖြင့် အလုပ်များလျက်ရှိကြောင်း မြောက်ကိုးရီးယား အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီ (KCNA) ၏ သတင်းများအရ သိရှိရသည်။

ယခု ကွန်ဖရင့်သည် ၁၉၈၀ ခုနှစ်ကကဲ့သို့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များသာ တက်ရောက်မည့် ကွန်ဖရင့် မဟုတ်ဘဲ၊ အလုပ်သမား ပါတီ၏ အကြီးဆုံး အစည်းအဝေးကြီး ဖြစ်လာမည် ဖြစ်ပြီး အလျင်အမြန် လုပ်ဆောင်ရမည့် ကိစ္စများ ဆွေးနွေးမည်ဟု ယူဆရပြီး အာဏာ လွှဲပြောင်းမှုလည်း အလွန် ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ပြောသည်။

၁၉၉၄ မှ စ၍ လူဦးရေ ၂၄ သန်းရှိသော နိုင်ငံအပေါ် အကြွင်းမဲ့ အာဏာဖြင့် အုပ်ချုပ်လာခဲ့သော ကင်ဂျုံအီသည် ၂၀၀၈ ခုနှစ်က နှလုံးရောဂါ ခံစားရပြီးကတည်းက ၎င်း၏ တတိယနှင့် အငယ်ဆုံးသား Kim Jong Un ကို ၎င်းအား ဆက်ခံမည့်သူ အဖြစ် ရွေးချယ်ထားကြောင်း သတင်းများက ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment