Transparency Myanmar

transparency.myanmar@gmail.com

BBC News, 4th Sept 2010

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myyng-hwan သည် သမီးဖြစ်သူအား ၎င်း၏ ဝန်ကြီးဋ္ဌာနတွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့မှု ပေါ်သွားသောကြောင့် ရာထူးမှ နုတ်ထွက်ရန် အဆိုပြုခဲ့သည်။

 ဝန်ကြီးသည် ၎င်း၏ သမီးဖြစ်သူ အသက် (၃၅) နှစ်ရှိ Yu Hyun-sun အား အလယ်အလတ် အဆင့်ရှိ အစိုးရ ဝန်ထမ်း ရာထူး ပေးခဲ့ခြင်းကြောင့် မိမိ ရာထူးအား အလွဲသုံးစား ပြု၍ မိသားစုအား စံစားစေခြင်း nepotism ဟု စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့၍ ဤသို့ နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သမီးမှာ ပထမ လျှောက်ထားစဉ်က ငြင်းပယ်ခံခဲ့ရပြီး၊ နောက်ပိုင်းတွင် အခြား ရာထူး တစ်ခု၌ ပေးခဲ့ခြင်း ဖြစ်သည်။ သူမက အမှား မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သော်လည်း ထိုသို့ ထင်မြင် ခံရခြင်းအတွက် တောင်းပန်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်အား စုံစမ်း စစ်ဆေးရန် အစိုးရက အမိန့်ထုတ်ထားသည်။

BBC သတင်းထောက် John Sudworth က ဆိုးလ်မှ သတင်း ပေးပို့ချက်အရ ထိုသို့ နာမည်ကြီးသူများ မရိုးမသား ပြုလုပ်မှုများနှင့် ပတ်သက်၍ အစိုးရအား လိုက်နာ စောင့်ထိန်းရမည့် စံများ အပေါ် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် လက ကက်ဘိနက် နေရာ (၃) နေရာအတွက် အစိုးရက အမည်စာရင်း တင်သွင်းသော ပုဂ္ဂိုလ် သုံးဦးသည် ၎င်းတို့အပေါ် မရိုးမသား ပြုမှုမှုများအတွက် စွပ်စွဲမှုများကြောင့် နုတ်ထွက် စေခဲ့ရကြောင်းလည်း BBC သတင်းထောက်က သတင်း ပေးပို့သည်။

အလားတူပင် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ရန် လျာထားခြင်း ခံရသူ Kim Tae-ho သည် အကျင့်ပျက် ခြစားသော စီးပွားရေးသမား တစ်ဦးနှင့် ပတ်သက်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။

ယဉ်ကျေးမှု ဝန်ကြီး အဖြစ် လျာထားခြင်း ခံရသူသည်လည်း နေထိုင်ခွင့် ဥပဒေများကို ချိုးဖောက်ပြီး သူ၏ ကလေးများအား ကျောင်းကောင်းများသို့ သွားရောက် တက်စေသည်ဟု စွပ်စွဲခံထားရသည်။

ထို့အတူ အသစ် ခန့်အပ်သော စီးပွားရေး ပညာရှင် တစ်ဦး၏ အမျိုးသမီးသည်လည်း အခြေပစ္စည်း ရောင်းဝယ်မှုတွင် အတွင်း သတင်းများ ပေး၍ အမြတ်ငွေ ရယူခဲ့မှု အတွက် စွပ်စွဲခံခဲ့ရသည်ဟု BBC သတင်းထောက်က ဖြည့်စွက် သတင်း ပေးပို့ခဲ့သည်။

သမ္မတ Lee Myung-bak သည် မကြာသေးမီက ပိုမို၍ တရား မျှတသော လူ့အဖွဲ့အစည်း ဖြစ်အောင် ဖန်တီးမည်ဟု ကတိ ပြုထားရာ ယခုကဲ့သို့ အစိုးရအဖွဲ့ အတွင်း မရိုးမသား ပြုမူမှုများသည် သမ္မတအား ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment