Transparency Myanmar

transparency.myanmar@gmail.com

The Nation, 8th October 2010

Italian Thai Development ကုမ္ပဏီသည် ဘတ်ငွေ ၄၀၀ ဘီလျံ တန်ဖိုးရှိ ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်-မြန်မာ အစိုးရတို့နှင့် သဘော တူညီချက်ကို ယခုလကုန် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၇ ရက် မတိုင်မီ လုပ်ငန်း အသေးစိတ် ညှိနှိုင်းမှု သဘော တူညီချက်ကို လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ITD ၏ ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ နီဂျာပွန် ချာရာနာချီတာက ယမန်နေ့က ပြောကြားသည်။

ထားဝယ် ဆိပ်ကမ်းကို အထူး စီးပွားရေးဇုံအဖြစ် အကောင်အထည် ဖော်ရာတွင် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ၊ ရေနံ ဓာတုနှင့် သန့်စင် ချက်လုပ်ရေး စက်ရုံများ၊ အဆင့်မြင့် သံမဏိ စက်ရုံများ၊ လမ်းများ၊ အခြေခံ အဆောက်အဦးများကို မြေအကျယ် ၆၄၀၀၀ ဟက်တာပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

ယခု စီမံကိန်းသည် ITD ကုမ္ပဏီ၏ သမိုင်းတွင် အကြီးဆုံး စီမံကိန်း ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေနေကြောင်း နီဂျာပွန်က ပြောကြားသည်။

တောင်ကိုးရီးယား၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများမှ ရင်းနှီး မြှုပ်နှံသူများစွာက စိတ်ဝင်စားကြောင်း ပြသခဲ့ကြသည်ဟုလည်း သိရှိရသည်။

ITD သည် ယခုနှစ် အတွက် ရရန် ကျန်ရှိနေသေးသော ဘတ်ငွေ ၄၀ ဘီလျံ (သို့) ၅၀ ဘီလျံခန့်မှ ဝင်ငွေ စတင် ရရှိနေပြီ ဖြစ်ပြီး နစ်သွန် ၂ ရေအားလျှပ်စစ် ကုမ္ပဏီမှ ၎င်းပိုင် ရှယ်ယာများကို Electricity Generating and EDF International သို့ အမေရိကန် ဒေါ်လာ သန်း ၁၁၀ (ဘတ်ငွေ ၃.၃ ဘီလျံ) ဖြင့် ရောင်းချရာမှလည်း ဝင်ငွေ ရရှိခဲ့သည်။

ဝင်ငွေ ဘတ် ၄၁.၄၅ ဘီလျံခန့် အနက်မှ ဘတ် ၁.၇၇ ဘီလျံ ဆုံးရှုံးခဲ့သော ယခင် နှစ်ကထက် ယခုနှစ်တွင် ITD ၏ စွမ်းဆောင်မှု ပိုမိုတိုးတက်လာသည်။ ITD ၏ စတော့ ရှယ်ယာများမှာ ၄.၃ % မြင့်တက်ကာ ၄.၈၂ ဘတ်သို့ ရောက်ရှိခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment