Transparency Myanmar

transparency.myanmar@gmail.com

Ottawa Citizen, By Aira Katarina Vehaskari, 5th October 2010

၂၀၁၀ နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ထောင်ထဲတွင် ရှိသော တရုတ်အစိုးရ ဆန့်ကျင်သူမှာ အလောင်းအစား လုပ်သော အေဂျင်စီများနှင့် ရေဒီယို ရုပ်မြင်သံကြားတို့တွင် ရေပန်းစားကာ ထိပ်ဆုံးမှ ပြေးနေသည်။ သို့သော် စာရင်းထဲတွင် ပါဝင်လိမ့်မည်ဟု ယူဆရသည်။

အခြား တရားဝင် မဟုတ်သော ဆန်ကာတင် စာရင်းတွင် တရုတ် တိုင်းရင်းသား Uighur လူမျိုး Rebiya Kadeer လည်း ပါဝင်သည်။

ပြည်ပမှ မြန်မာ အသံလွှင့်ဌာန ဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည်လည်း လူကြိုက်များသော စာရင်းတွင် ပါဝင်ပြီး အာဖဂန် ဆရာဝန်နှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Sima Samar လည်း စာရင်းတွင် ပါဝင်သည်။

နော်ဝေ စီးပွားရေး အရ အသံလွှင့် ဌာန ဖြစ်သော TV2 သည် နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ဒီမိုကရေစီ လှုပ်ရှားသူ Liu Xiaobo ကို စာရင်း ထိပ်ဆုံးတွင် ထားသည်။ TV2 သည် ယမန်နှစ်က မှန်ကန်ရန် မလွယ်ကူသော လူကြိုက် မများသည့် အမေရိကန် သမ္မတ Obama အား ခန့်မှန်းခဲ့ရာ မှန်ကန်ခဲ့ဖူးသည်။

Liu သည် Chapter 8 ဟု ခေါ်သော လွတ်လပ်စွာ စုဝေးခွင့်၊ ဖော်ထုတ်ခွင့်နှင့် ဘာသာရေး လွတ်လပ်မှုများ ပါဝင်သော တရုတ်ပြည်၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တောင်းဆိုမှုအား လူများကြား ပျံ့နှံ့အောင် စည်းရုံးရာတွင် ကူညီမှုဖြင့် ထောင်ထဲတွင် ရှိနေသည်။

Liu အား ရွေးချယ်ပါက တရုတ်အစိုးရအား အမျက်ထွက်စေမည် ဖြစ်သည်။ ဒီမိုကရေစီ လှုပ်ရှားသူများကို မရွေးချယ်ရန် တရုတ်က နော်ဝေ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီအား မကြာခဏ သတိပေးခဲ့သည်။

Liu အား ဆုအတွက် ရွေးချယ်ပါက နော်ဝေနှင့် တရုတ်ကြား ဆက်ဆံရေး စိမ်းကား သွားလိမ့်မည် ဖြစ်ကြောင်း မကြာမီက တရုတ်က ပြောကြားခဲ့သည်။

အာရှမှ ပုဂ္ဂိုလ်များ၊ ဂျာမနီ ပေါင်းစည်းရေးတွင် ဦးဆောင်ခဲ့သူ အဓိပတိဟောင်း Helmut Kohl တို့သည်လည်း အပြန်အလှန် စဉ်းစားနေသော စာရင်းတွင် ပါဝင်သည်။

မည်သို့ပင် ဆိုစေ ၂၀၁၀ အတွက် ဆုရွေးချယ်ရာတွင် ယမန်နှစ်က အမေရိကန် သမ္မတ Barak Obama အား အံအားသင့်ဖွယ် ရွေးချယ်ခဲ့မှုမျိုး ဖြစ်မည် မဟုတ်ဘဲ ရိုးရာအတိုင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ချန်ပီယံများကိုသာ ရွေးလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြသည်။

ကော်မတီ ဥက္ကဌ Thorbjoern Jagland က ကြာသပတေးနေ့က နော်ဝေ ပြည်သူ့ ရုပ်မြင်သံကြား ဌာန NRK မှ အကြံပြု မှတ်ချက်များ ပေးခဲ့သည်။

"ကျွန်တော်တို့ မနှစ်ကလိုတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒီဆုဟာ စိတ်ဝင်စားစရာ ကောင်းနေစေရပါမယ်။ တစ်နေ့တာမှ အလွှမ်းမိုးဆုံး အရာ ဖြစ်မှာပါ" ဟု ယင်းက ပြောသည်။

ယင်းအတွက်မူ ဆုရွေးချယ် ပေးရမည့် ပုဂ္ဂိုလ်သည် အစောပိုင်း ကတည်းက အဖြေထွက်ပြီး ဖြစ်ကြောင်း၊ ယင်းက ဖြည့်စွက် ပြောသည်။

ဆုရွေးချယ် ပေးအပ်မှုကို စိတ်ဝင်စား ကြလိမ့်မည် ဖြစ်ကြောင်း ယင်းက ပြောကြားသော်လည်း သောကြာနေ့တွင် ကြေညာမည့်သူ ဖြစ်ကြောင်း သဲလွန်စ ပေးခဲ့ခြင်း မရှိပေ။

အော်စလိုရှိ Peace Research Institute မှ အကြီးအကဲ ငြိမ်းချမ်းရေးဆုနှင့် ပတ်သက်ပညာရှင် Kristian Berg ကမူ Liu ကို သူ၏ ဆုအတွက် အကြိုက်ဆုံး စာရင်းမှ ဖယ်ထုတ်ထားခဲ့သည်ဟု ဆိုသည်။

ယင်းအတွက် ထိပ်ဆုံး သုံးခုမှာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) Sima Samar နှင့် စစ်ရာဇ၀တ်မှုများ ဖော်ထုတ်ရန် ကုလ သမဂ္ဂမှ ဖွဲ့စည်းပေးထားသော Sierra Leone အထူး တရားရုံးတို့ ဖြစ်သည်ဟု ဆိုသည်။

အကယ် DVB သာ ဆုရွေးချယ်ခံရပါက ဆုရွေးချယ်ပေးသည့် ၁၀၉ နှစ် သမိုင်းတွင် ပထမဆုံး အကြိမ် မီဒီယာ အဖွဲ့အစည်း တစ်ခုသို့ ဆုရွေးချယ် ပေးခဲ့ခြင်း ဖြစ်မည် ဖြစ်သည်။

ယခုနှစ်တွင် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီသည် စံချိန်တင် တစ်ဦးချင်းရော အဖွဲ့အစည်း များပါ ၂၃၇ ဦးကို စဉ်းစားခဲ့ပြီး ဆုအဖြစ် ဆွီဒင် Kooner ၁၀ သန်း (ဒေါ်လာ ၁.၅ million cdn) ချီးမြှင့်မည် ဖြစ်သည်။

နိုဘယ် ငြိမ်းချမ်းရေးဆုကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင် အော်စလိုပေးအပ်မည် ဖြစ်ပြီး အခြား နိုဘယ်ဆုများကိုလည်း ယင်းနေ့တွင်ပင် စတော့ဟုမ်းပေးအပ်မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆုရွေးချယ်ရေး ကော်မတီသည် Obama  အား ရွေးချယ်ပေးခြင်းဖြင့် ကမ္ဘာကြီးအား တုန်လှုပ်သွားအောင် ပြုလုပ်ခဲ့သည်။ ထိုစဉ်က Obama သည် ၉ လခန့်သာ တာဝန်ထမ်း ဆောင်နေရဆဲ ဖြစ်ပြီး အမေရိကန်သည် အာဖဂန် နစ္စတန်နှင့် အီရတ်ကို စစ်ပွဲများ ဆင်နွှဲလျက် ရှိသည်။

စောင့်ကြည့်သူများကမူ ယခုနှစ် ဆုရွေးချယ်ပေးမှုမှာ အငြင်းပွားမှု နည်းပါးလိမ့်မည်ဟု ခန့်မှန်း ထားကြသည်။

ပထမဦးဆုံး နိုဘယ် ငြိမ်းချမ်းရေးဆုကို ၁၉၀၁ တွင် ကြက်ခြေနီကို တည်ထောင်ကြသူများ ဖြစ်သည့် Jean Henry Dunant နှင့် Frederic Passy တို့ကို ပေးအပ်ခဲ့ပြီး အကြိမ် (၉၀) ဆုရွေးချယ်ပေးခဲ့ပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment