Transparency Myanmar

transparency.myanmar@gmail.com

Reuters, 7th October 2010

ဂျပန်ယန်းငွေ တန်ဖိုး မာသည်ထက် မာကာ တန်ဖိုး တက်နေမှုကြောင့် ရုန်းကန်နေရသည့် စီးပွားရေးကို အားပေး ထောက်ကူရန် အတွက် ဒေါ်လာ ၆၁.၃၃ ဘီလျံ (ယန်း ၅.၀၅ ထရီလီယံ) တန်ဖိုးရှိ အပို ဘတ်ဂျက်ကို စာရင်းပြုစုရန် ဂျပန်အစိုးရက သောကြာနေ့တွင် သဘော တူလိုက်သည်။

သက်တမ်းနု အတိုက်အခံ ပါတီက ကြီးမားသော စီးပွားရေး လှုံ့ဆော်မှု ပြုလုပ်ရန် တောင်းဆိုခဲ့ ပြီးနောက် လက်ရှိအာဏာရ  ဒီမိုကရက်တစ် ပါတီက လာမည့် ဘဏ္ဍာရေးနှစ်အတွက် စီစဉ်သည့် အနေဖြင့် အဆိုပြုထားသော ယန်းငွေ ၄.၈ ထရီလီယံထက် ယခု အပိုဘတ်ဂျက်က ပိုမို ကြီးမားသည်။

ကိုယ်ကျိုးစီးပွား ရံပုံငွေ ဖန်တီးရန် ဗုဒ္ဓဟူးနေ့က အကြံပြုချက်ကို ယခု ကက်ဘိနက်၏ အစီအစဉ်တွင် ဖော်ပြခြင်း မရှိသော်လည်း အရံငွေကြေးများကို အသုံးပြုမည့် ပိုမို ထိရောက်သော နည်းလမ်းများ ကို အစိုးရက ရှာဖွေနေသည်ဟု ဆိုသည်။

လာမည့် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွက် အပို ဘတ်ဂျတ်ကို မူကြမ်း ရေးဆွဲရန် အစိုးရက ရည်ရွယ်ထားခြင်း ဖြစ်သည်။

ယခု အပို ဘတ်ဂျက် စီမံကိန်းကို အလုပ်အကိုင် ရှာဖွေသူများကို အထောက်အကူ ဖြစ်စေခြင်း၊ ကလေးဦးရေ တိုးလာနေသည့် ပြည်သူများအပေါ် ထောက်ပံ့မှုများ ပျံ့နှံ့စေခြင်း၊ စွမ်းအင် လုံလောက်မှု ရှိစေမည့် အိမ်ခန်း ပြင်ဆင်မှုများအတွက် ထောက်ပံ့ကြေး ပေးခြင်း၊ နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများအတွက် ထောက်ပံ့ကြေး ပေးခြင်းတို့ကို ပြုလုပ်မည် ဖြစ်သည်။

ယခု အစီအစဉ်ကြောင့် GDP ၀.၆ % တက်လာမည်ဟု အစိုးရက ပြောကြားသော်လည်း ဂျပန်သည် စက်မှု အင်အားကြီး နိုင်ငံများအနက် ကြွေးမြီ ၀န်ထုပ်ဝန်ပိုး အဆိုးဆုံး ဖြစ်နေပြီး လူထု ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက်  အကန့်အသတ်များ ရှိနေသောကြောင့် ယခု လှုံ့ဆော်ရေး ဘတ်ဂျက် အစီအစဉ်က စီးပွားရေး နယ်ပယ်အပေါ် သိသိသာသာ သက်ရောက်မှု ရှိမည် ဆိုသည်ကို အကဲခတ် လေ့လာသူများက သံသယ ရှိနေကြသည်။

ဂျပန် ၀န်ကြီးချုပ် နာတိုကန် အစိုးရမှာ ယိုင်နဲ့နေသော စီးပွားရေး နာလံ ထူလာအောင် ပြုစု ပျိုးထောင်နေစဉ် ဒေါ်လာ ၅ ထရီလီယံ ဂျပန် စီးပွားရေး၏ ၂ ဆခန့် နီးပါး ရှိလာသော လူထုကြွေးမြီ ထိန်းချုပ်ရေး ခက်ခဲသော လုပ်ငန်းစဉ်ကို ရင်ဆိုင်နေရသည်။

ထို့အပြင် ပါလီမန် ၂ ခြမ်း ကွဲနေခြင်းကြောင့် ဘတ်ဂျက် အကောင်အထည် ဖော်ရေး ဥပဒေ ပြဌာန်းရာတွင် အတိုက်အခံ အမတ်များ၏ ထောက်ခံမှုကို အစိုးရက လိုအပ်နေသည် ဖြစ်ရာ ယခု လှုံ့ဆော်ရေး စီမံချက်မှာ အကောင်အထည် ဖော်ရန် အလှမ်း ဝေးနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment