Transparency Myanmar

transparency.myanmar@gmail.com

Bernama, 12th October 2010

တနင်္လာနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် ဆက်ဆံရေးနှင့် ပတ်သက်၍ ခြုံကြည့်လျှင် အပေါင်း လက္ခဏာ ဆောင်ကြောင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများတွင် ရှေ့တွင် အလားအလာ ကောင်းကြောင်း ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva က အင်္ဂါနေ့က ဖော်ပြခဲ့သည်ဟု ထိုင်းသတင်း အေဂျင်စီ (TNA)  က သတင်း ပေးပို့ခဲ့သည်။

နေပြည်တော်တွင် Abhisit သည် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကောင်း အဓွန့်ရှည်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး နှိမ်နင်းရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ထားဝယ်တွင် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေးနှင့် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ၏ အလုပ်သမားများ အကြောင်း တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ် ပိတ်ထားသော ကိစ္စနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က အဆိုပါ ကိစ္စမှာ မဖြေရှင်းနိုင်သေးကြောင်း၊ မြန်မာနိုင်ငံက နယ်စပ် စစ်ဆေးရေး စခန်းကို ပြန်မဖွင့်မီ ပြည်တွင်း ပြဿနာအချို့ကို ညှိနှိုင်း သဘောတူရန် လိုအပ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ်ကို ဇူလိုင်လ (၁၂) ရက်နေ့ ကတည်းက ပိတ်ထားရာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို များစွာ နစ်နာစေပြီး၊ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး၊ နှစ်နိုင်ငံ အလုပ်သမားများ စေလွှတ်မှုများအတွက် နစ်နာမှုများ ရှိသည်။

ထိုင်းဝန်ကြီးချုပ်က ပြောကြားရာတွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ  Prachuap Khiri Khan နယ်ရှိ Dan Singkhon တွင် အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်း တစ်ခု ဖွင့်လှစ်ရေး ကိစ္စကို ဆွေးနွေးခဲ့ရာ မြန်မာဖက်မှ အဆိုပါ ကိစ္စကို စဉ်းစားပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့အပြင် ထားဝယ်တွင် ရေနက် ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် အကူအညီ လိုအပ်ပုံကိုလည်း ကတိပြုခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ရွှေ့ပြောင်း လုပ်သားများ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခြင်းကို သက်သေစေရန် နယ်စပ်တွင် ထုတ်လုပ်မှု အခြေခံသော သီးသန့် စီးပွားရေးဇုံ ထူထောင်ရန် လိုအပ်ပုံကို သဘော တူခဲ့ကြသည်ဟု Abhisit ကပြောသည်။

မြန်မာနိုင်ငံ၏ နိုဝင်ဘာ (၇)ရက် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ ခေါင်းဆောင်က ၎င်းတို့ အနေဖြင့် နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုများကို သဘောပေါက်ကြောင်း၊ သို့သော် ပြည်တွင်းရေးကို ပြင်ပဝင်ရောက် စွက်ဖက်မှုများ မပါဘဲ ကိုင်တွယ်ရေးကိုသာ ရပ်တည်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု Abhisit က ပြောသည်။

ထိုင်းဝန်ကြီးချုပ်သည် SPDC  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး သန်းရွှေအား သွားရောက် တွေ့ဆုံခဲ့သည်။

Abhisit က ပြောကြားရာတွင် အနာဂတ်တွင် မြန်မာခေါင်းဆောင် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ရေးအတွက် ဆွေးနွေးမှုများ မရှိခဲ့ကြောင်း၊ သို့သော် ယခုလ နှောင်းပိုင်း ဟနွိုင်းတွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံနိုင်ကြောင်း ခေါင်းဆောင် နှစ်ဦးက မှတ်သားခဲ့သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment