Transparency Myanmar

transparency.myanmar@gmail.com

UPI, 13th October 2010

မြန်မာ နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများမှ ထွက်ပေါ်လာသော မည်သည့် အစိုးရမဆို လမ်းကြောင်းသစ် တစ်ခုသို့ လျှောက်လှမ်းလိမ့်မည်ဟု ၀ါရှင်တန် အနေဖြင့် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် အရပ်သား အစိုးရ ဦးဆောင်မည့် လမ်းကြောင်းသို့ ဦးတည်ကြောင်း မြန်မာ စစ်အာဏာပိုင်များက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် လက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ပါတီ (၂၀) ခုအား ဖျက်သိမ်းခဲ့ခြင်းကြောင့် မြန်မာ စစ်အစိုးရ အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

စစ်အစိုးရသည် လာမည့် ပါလီမန်တွင် ၂၅ % သော နေရာအတွက် သေချာပြီး ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က ပြောကြားရာတွင် ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက် များစွာ စိုးရိမ် ပူပန်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတလိမ့်မယ်လို့ မယုံကြည်ပါဘူး" ဟု ယင်းက ပြောသည်။

ဥရောပ အမတ်များကလည်း လာမည့် ရွေးကောက်ပွဲပေါ် ယုံကြည်မှုများ ထားရှိမိခဲ့ပါက မှားလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးမည်ဟု ပြောခဲ့သော်လည်း ကမ္ဘာ့ ခေါင်းဆောင်များကမူ အဆိုပါ ပြောကြားမှုအား သံသယ ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment